(Unicode) " မင်္ဂလာပါ အရာရှိချုပ် ဗင်ဇယ် "
အပြင်ဘက်၌ မိုးရွာနေ၍ ဌါနသို့ ဗင်ဇယ်၏ကားလေး ထိုးရပ်လိုက်သည့်အခါမှာပဲ ရဲဝန်ထမ်းတချို့က ထီးကလေးဖြင့် လာမိုးပေးရှာသည်။
" ဟာလေရောက်နေပြီဆို ဟုတ်လား "
" ဟုတ်ပါတယ် အရာရှိ။ သူ့ကို အချုပ်ထဲမှာ ထည့်ထားပါတယ် "
" ဟုတ်ပြီ။ သူ့ကို ငါ့ရုံးခန်းထဲ လွှတ်လိုက် "
" ဗျာ ဟုတ် "
လိုရင်းတိုရှင်း အမိန့်ပေးပြီး သူ့ရုံးခန်းထဲသို့ သူဝင်သွားခဲ့သည်။ ရဲဝန်ထမ်းလည်း အမိန့်အတိုင်း ဟာလေကို အချုပ်ခန်းထဲကနေ လွှတ်ပေးလာ၏။
" မင်းကို အရာရှိက တွေ့ချင်တယ်တဲ့။ သူ့ရုံးခန်းကို လိုက်ခဲ့ပါ "
သို့ပေမယ့် သူ့ကိုချုပ်ထားသော လက်ထိပ်တွေကတော့ ဖြုတ်မပေးသေးပဲ ရုံးခန်းထဲသို့ အစောင့်များနှင့်အတူ ပါသွားခဲ့ရသည်။ ရုံးခန်းထဲမှာတော့ အရင်ကထက် ပိုပြီးတောက်ပြောင်လာသော ဗင်ဇယ်ကို သူတွေ့ခဲ့ရ၏။
သို့သော် သစ္စာဖောက်တစ်ယောက်ဖြစ်တဲ့သူ့ကို ဟာလေ ရင်မဆိုင်ချင်၍ မျက်လွှာကိုချကာ ပေတေတေလုပ်နေခဲ့သည်။" ဘာလုပ်နေတာလဲ ထိုင်လေ "
ဒုန်း . . အ . .
ဗင်ဇယ်၏မျက်နှာချင်းဆိုင်က ခုံမှာ ထိုင်ဖို့ သူဝန်လေးနေစဉ် အနောက်က အစောင့်က ဒူးခေါက်ကွေးကို တုတ်နဲ့ရိုက်ချလိုက်၍ ခြေထောက်ကို ကွေးညွှတ်သွားပြီး ထိုင်ခုံပေါ် ဘုတ်ခနဲ ထိုင်မိသွားရ၏။
သူအခုလို အနှိမ်ခံနေရပုံကို ဗင်ဇယ်က သူတော်ကောင်းယောင်ဆောင်ပြီး တားမြစ်နေလိုက်သေးသည်။" မင်းတို့ ငါ့သူငယ်ချင်းကို မထိနဲ့။ သော့တွေထားခဲ့ပြီး ထွက်သွားစမ်း "
" ဟုတ် ဟုတ်ကဲ့ အရာရှိ "
သူအော်လိုက်တော့ အစောင့်တွေကြောက်လန့်ပြီး သော့တွဲကို ထားခဲ့ကာ အပြင်သို့ ထွက်သွားကြသည်။ အခန်းထဲမှာတော့ ဗင်ဇယ်နှင့်ဟာလေ နှစ်ယောက်တည်း လေစိမ်းတွေတိုက်ခတ်ကာ ကျန်ရစ်နေခဲ့၏။
YOU ARE READING
Hard Murder 1(Complete)
Mystery / Thriller(Uni)စိတ္တဇလူသတ်သမားတစ်ဦးနှင့်ချစ်ကြိုက်မိခြင်း ဤFictionသည် Psycho 18+အမျိုးအစားဖြစ်၍ စိတ်ပိုင်းဆိုင်ရာ အားနည်းသူများနှင့် နှလုံးအခံရှိသူများ ဖတ်ရန် မသင့်လျော်ပါ။ စာရေးသူ ကိုယ်ပိုင်ဖန်တီးထားသော မူပိုင်ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထ...