(Unicode) ဖြန်း . . ဖြန်း . . ဖြန်း . . .
အောက်သပ်သပ်အနံ့ဆိုးများနှင့် မည်းမှောင်နေသော အပြစ်ခန်းတစ်ခု၌ အပြစ်သားကို ရိုက်နှက်နေသည့်အသံများနှင့် ညှီစို့စို့ သွေးရနံ့များဖြင့် ညစ်ထေးနေခဲ့လေသည်။
မတ်တတ်ရပ်ဖို့အထိ အားအင်မရှိသောအပြစ်သား၏ ခြေထောက်တို့မှာ ယိမ်းယိုင်ကာ ပျော့ခွေလဲကျချင်နေပေမယ့် လက်နှစ်ဖက်ကို ပူးကပ်ကာ အပေါ်သို့ တုပ်ချည်ထားသော သံကြိုးများကြောင့် လေထဲ တွဲလွဲပမာ ရှိနေခဲ့သည်။
" ရိုက်စမ်း . . ငါတို့ ထောင်ကို အချဉ်မှတ်ပြီး ဖောက်ထွက်တဲ့ကောင်။ သေလောက်အောင် ရိုက်ပစ် "
ထောင်ဖောက်ခံရသည့်သတင်းက အထက်သို့ သတင်းရောက်ရှိသွားတော့ ရစရာမရှိအောင် ပြစ်တင်ပြောဆိုခံခဲ့ရတဲ့ထောင်ပိုင်ကြီးမှာ ဒေါသတကြီးဖြင့် ထောင်စောင့်များကို မာ့ခ်အား သေလောက်အောင် ရိုက်နှက်ခိုင်းနေခဲ့သည်။ ထောင်ပိုင်ကြီးဘေးမှ ထောင်မှူးနှစ်ဦးကလည်း သူတို့ဆရာကြီးဒေါသထွက်နေပြီဆိုတာသိ၍ ကြောက်လန့်ပြီး ခေါင်းငုံ့နေကြသည်။
ဟုတ်သည်။ ထောင်ဖောက်ပြီး လူထပ်သတ်သည့်အမှုအတွက် မာ့ခ်သွန်မှာ ထောင်ဒဏ်အသက်တစ်ကျွန်းနှင့်အပြစ်ဒဏ် ကျခဲ့ခြင်းဖြစ်၏။ ပြင်းထန်တဲ့အပြစ်ဒဏ်တွေကြောင့် နဂိုက ငယ်သံပါအောင် အော်ဟစ်နေခဲ့သည့် မာ့ခ်မှာ အခုတော့ အော်စရာအသံပင် ပျောက်ဆုံးနေခဲ့ပြီး ကြိမ်းစက်နာကြင်နေသော ခန္ဓာကိုယ်နှင့် ဖြူဖက်ဖြူရော်ဖြစ်နေခဲ့သည်။
ခရစ်တန်ပေးခဲ့သည့်အနက်ရောင်အင်္ကိျီလေးမှာ ကြာပွတ်ဒဏ်ကြောင့် စုတ်ပြဲသွားပြီး နုနယ်သောအရေပြားတို့မှာ ပြင်းထန်သောရိုက်ချက်ကြောင့် သွေးစိမ်းရှင်ရှင်ထွက်ကျနေခဲ့ရသည်။
" သတိမလွတ်စေနဲ့။ ရေနဲ့ပက်ကြစမ်း။ "
ထောင်ပိုင်ကြီးဟာ ဒေါသတကြီးဖြင့် မာ့ခ်အား သေလောက်အောင် ရိုက်နှက်ခိုင်းသည်သာမက ဆားရည်စိမ်ထားသည့် အေးစက်နေသောရေများဖြင့် သူ့ကို ပက်ဖြန်းစေခဲ့သည်။
ဗွမ်း . . .
အားးး . . အားးး . . .
အရိုက်ခံရ၍ တစ်ကိုယ်လုံးနာကြင်နေသည်မှ မထောက်။ အေးစက်သော ဆားရေများဖြင့် အပက်ခံရတော့ မာ့ခ်တစ်ကိုယ်လုံး ဆူးခြစ်များနှင့် ဆုတ်ခြစ်လိုက်သလို စပ်ဖျင်းနေလွန်း၍ ရှိုက်သံများနှင့် သူထပ်အော်ဟစ်လာခဲ့မိသည်။
STAI LEGGENDO
Hard Murder 1(Complete)
Mistero / Thriller(Uni)စိတ္တဇလူသတ်သမားတစ်ဦးနှင့်ချစ်ကြိုက်မိခြင်း ဤFictionသည် Psycho 18+အမျိုးအစားဖြစ်၍ စိတ်ပိုင်းဆိုင်ရာ အားနည်းသူများနှင့် နှလုံးအခံရှိသူများ ဖတ်ရန် မသင့်လျော်ပါ။ စာရေးသူ ကိုယ်ပိုင်ဖန်တီးထားသော မူပိုင်ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထ...
