(Unicode)တရားစီရင်ပြီးသည့်နောက်၌ အကျဉ်းထောင်သို့ ပထမဆုံးရောက်ရှိခဲ့သည့် အက်ဆစ်၏ညီ မာ့ခ်မှာ ထောင်မှူးများပေးသော ထောင်သားဝတ်စုံကို လဲဖို့ ပြင်ဆင်နေခဲ့သည်။
" ရော့. . မင်း အဝတ်တွေနဲ့ပါလာတဲ့ပစ္စည်းတစ်ခုမကျန် ဒီထဲထည့် "
ထောင်မှူးတစ်ယောက်က ခြင်းသေးတစ်ခုချပေး၍ သူ ခေါင်းငြိမ့်ပြပြီး အင်္ကိျီကို ချွတ်လိုက်သည်။ ပြီးနောက် ထောင်မှူးပေးသော နံပါတ်စဉ်ပါသည့် လိမ္မော်ရောင်ထောင်ဝတ်စုံကို လဲပြီး သူ့အင်္ကိျီကို ခေါက်သိမ်းရင်း ခြင်းထဲထည့်ဖို့ လုပ်တော့. . .
ထိုရှပ်အင်္ကိျီ၌ အမှတ်တရ ပုံရိပ်တစ်ခု ထင်ဟပ်လာသလိုလို . . .
အတိတ်တုန်းက . . .
" ရော့. . ယူလိုက် "
" ဒါဘာလဲ ကိုကို "
" ဘာရမှာလဲ? မွေးနေ့မို့ ပေးတာလေ။ ငါလည်း မဝတ်ချင်တော့လို့။ "
" ကျေးဇူးပါ ကိုကို။ ဒါနဲ့ ကိုကိုရော မွေးနေ့လက်ဆောင်ရရဲ့လား "
" မေမေက ဓါးတစ်လက် လက်ဆောင်ပေးတယ်။ ခါးထိုးဓါးမြှောင်လေ။ ကြည့်စမ်း။ မိုက်တယ်မလား "
မွေးနေ့တိုင်းမှာ အသက်မဲ့တဲ့ဘဝဖြင့် ရှင်သန်နေခဲ့သောသူ့အား စိတ်ကောင်းဝင်နေသောအကိုဖြစ်သူက ပေးခဲ့သည့် အင်္ကိျီလေးမို့ ထိုအင်္ကိျီလေးကို သူတန်ဖိုးထားခဲ့သည်။ အမြဲလိုလိုလည်း ဝတ်ဖြစ်ခဲ့ပြီး အခုတော့ နှုတ်ဆက်ရတော့မည်မို့ ဝမ်းနည်းမိပြီး ငိုချင်လာခဲ့၏။
သူ့မှာ မိသားစုရှိခဲ့ပေမယ့် မေတ္တာမရခဲ့ပါ။ ဒါ့အပြင် စေရာ နေခဲ့ရသည့်ဘဝမို့ တစ်ခနတာ ရခဲ့သည့်အကိုဖြစ်သူရဲ့စေတနာကို သူ့တစ်သက်တာ စွဲထင်နေခဲ့တာဖြစ်သည်။
** ကျွန်တော်တို့တွေ ဘယ်လိုဖြစ်ခဲ့ရတာလဲ? ဘာလို့ ကျွန်တော့်ကို ထားပြီး ထွက်သွားကြတာလဲ? ကျွန်တော် ကိုကိုတို့နဲ့ အတူနေချင်သေးတယ်။ **
အပစ်ပယ်ခံခဲ့ရပေမယ့် သူ သံယောဇဉ်မဖြတ်နိုင်သေး၍ အားလုံးကို ပြန်တမ်းတကာ ပါးပြင်၌ မျက်ရည်တစက်စက်စီးကျနေခဲ့သည်။
" ဟေ့ အဝတ်လဲနေတာလား? အခုမှ ပိုးချည်ရက်ပြီး အဝတ်ချုပ်နေတာလား? ကြာလိုက်တာ။ လာစမ်း။ ငါတို့မှာ အချိန်မရှိဘူး "
ВЫ ЧИТАЕТЕ
Hard Murder 1(Complete)
Детектив / Триллер(Uni)စိတ္တဇလူသတ်သမားတစ်ဦးနှင့်ချစ်ကြိုက်မိခြင်း ဤFictionသည် Psycho 18+အမျိုးအစားဖြစ်၍ စိတ်ပိုင်းဆိုင်ရာ အားနည်းသူများနှင့် နှလုံးအခံရှိသူများ ဖတ်ရန် မသင့်လျော်ပါ။ စာရေးသူ ကိုယ်ပိုင်ဖန်တီးထားသော မူပိုင်ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထ...
