(Unicode) အွတ် . . အစ် . . ဟွတ် . .
မနေနိုင်ပဲ အော့အန်မိသွားတော့ ပါးစပ်၌ ပိတ်ထားသောတိတ်ကြောင့် ခံတွင်းထဲမှာ အန်ဖက်ရည်တို့ စို့တစ်နေရာ ပြန်မြိုချရမလို ထွေးထုတ်ရမလို ဟာလေမှာ ဇောချွေးတွေ ပြန်နေခဲ့ရသည်။
" ဒီလူကတော့ ကျွတ်ကျွတ် "
ဟာလေ အန်ချင်နေမှန်းသိသွားတော့ အက်ဆစ် သူ့အနားသို့ လျှောက်လာပြီး တိတ်ကို ဖွင့်ပေးလိုက်လေသည်။ ထိုအခါမှ ဟာလေ အပြင်သို့အန်ထုတ်လိုက်မိခဲ့၏။
အဟွတ် အဟွတ် ဟစ် . .
ကြမ်းပြင်ပေါ်သို့ အကုန်အန်ချလိုက်မိမှ ဟာလေ နေသာထိုင်သာရှိသွားခဲ့ရာ သူ့ဘေးက အက်ဆစ်တစ်ယောက် သူ့ရဲ့ဖြစ်ပုံအစံဆုံးကို ငုတ်တုတ်ထိုင်ကာ မေးထောက်ကြည့်နေခဲ့လေသည်။
" မနေ့က ကျုပ်ကို စုံစမ်းဖို့နဲ့ ပေါင်မုန့်တွေပဲ နင်းကန်စားထားတယ်ထင်တယ်။ ချဉ်စူးစူးနဲ့ အနံ့က "
" မင်း . . မင်း တော်တော်ယုတ်မာပါလား အက်ဆစ်။ ငါ့ကို လွှတ်ပေးစမ်း။ ငါ့ကို လွှတ်ပေး။ လာကြပါဦး ဘယ်သူမှမရှိဘူးလား။ လာကြပါဦး "
ပါးစပ်က တိတ်နဲ့ လွတ်သွားပြီမို့ ဟာလေတစ်ယောက် အခွင့်ကောင်းကိုအသုံးချကာ ပိတ်ထားသောပြတင်းပေါက်ကို မျက်နှာမူပြီး အတင်းကုန်းအော်လေတော့သည်။ တုံးအလွန်းတဲ့သူ့ရဲ့လုပ်ရက်ကို မြင်ရတော့ အက်ဆစ်မှာ ဟာသတစ်ခုလို သွားပေါ်သည်အထိ ရယ်မောလာခဲ့လေသည်။
" ဟားဟားဟား စောက်ရူး။ ခင်ဗျားအသံက အပြင်ကို ပေါက်ထွက်မယ် ထင်နေလား။ အသံလုံ အိမ်ခန်းလေဗျာ။ ပြတင်းပေါက်လေး ဘာလေး ဖွင့်ပြီးမှ အော် "
အက်ဆစ်အကြံပေးလာတော့ ဟာလေမှာ အားကြိုးမာန်တက်နှင့် ပြတင်းပေါက်အနားသို့ အတင်းတွားသွားနေခဲ့မိစဉ် သူ့ရဲ့ခြေထောက်ကို အက်ဆစ်က လှမ်းထိန်းလိုက်ပြီး သူ့ဖိနပ်ကို ဆွဲချွတ်လာခဲ့သည်။
" အား . . မင်း ဘာလုပ်တာလဲ? ဘာလုပ်မလို့လဲ "
ဖိနပ်ကျွတ်သွားတော့ ဟာလေ၏ဘယ်ဘက်ခြေဖဝါးအလယ်တည့်တည့်တွင် ဒိုးချင်းပေါက်နေသည့်ဓါးဒဏ်ရာတစ်ခုကို တွေ့ခဲ့ရသည်။
ဟုတ်သည်။ ညက သူထွက်ပြေးဖို့ကြိုးစားသည်ကို အက်ဆစ်စိတ်မရှည်တော့၍ ဓါးဖြင့် အားပါးတရ ထိုးစိုက်ခဲ့ခြင်းဖြစ်၏။
أنت تقرأ
Hard Murder 1(Complete)
غموض / إثارة(Uni)စိတ္တဇလူသတ်သမားတစ်ဦးနှင့်ချစ်ကြိုက်မိခြင်း ဤFictionသည် Psycho 18+အမျိုးအစားဖြစ်၍ စိတ်ပိုင်းဆိုင်ရာ အားနည်းသူများနှင့် နှလုံးအခံရှိသူများ ဖတ်ရန် မသင့်လျော်ပါ။ စာရေးသူ ကိုယ်ပိုင်ဖန်တီးထားသော မူပိုင်ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထ...
