နှုတ်ဆက်လက်ဆောင်/နှုတ်ဆက်လက်ဆောင်

2.5K 331 51
                                        

(Unicode) တရွေ့ရွေ့နှင့် နွေရာသီ ကုန်ဆုံးလာခဲ့သည်နှင့်အမျှ ထောင်ထဲမှာ အကျဉ်းကျနေရသည့်ခရစ်တန်အတွက် လွတ်မြောက်ဖို့အချိန်လည်း နီးကပ်လာပြီသာဖြစ်၏။

" ဟာလေစံ  . . အဲ့ဒီစုံထောက်က ဘာလို့ခုထိပေါ်မလာသေးတာလဲ? "

သူ မလွတ်မြောက်ခင်အချိန်အတွင်း ခရစ်တန်မှာ လုပ်ပေးချင်သည့်ကိစ္စတချို့ရှိနေခဲ့သည်။ ဒါက ညီအရင်းတစ်ယောက်လို ချစ်ရသည့်မာ့ခ်အတွက် တရားမျှတမှုပင်ဖြစ်သည်။ သူ့ကို ယုံကြည်မှုများ ပေးအပ်ခဲ့သည့်စုံထောက်ဟာလေစံကလည်း လူလိမ်တစ်ဦးကဲ့သို့ပင် ပြောဆိုပျောက်ကွယ်သွားခဲ့သည်။
ကိုယ်တိုင်ကလည်း ထောင်ထဲမှာရှိနေတာမို့ မာ့ခ်အတွက် သူ ဘာမှလုပ်မပေးနိုင်၍ ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်နေခဲ့ရသည်။

ထောင်ထဲကနေ သူလွတ်မြောက်ဖို့က နှစ်ပတ်လောက်ပင် ကျန်တော့တာမို့ . . မာ့ခ်ကို နှုတ်ဆက်ဖို့အတွက် အချိန်မလုံမလောက်ဖြစ်နေခဲ့သည်။ မာ့ခ်ဆိုသောထိုကောင်လေးကလည်း သူ ထောင်ထဲက ထွက်ရတော့မည်ကို မသိရှာပဲ ပိုမိုခင်တွယ်နေပြန်တော့ . . သူလွတ်တော့မည့်အကြောင်းအား ထိုကောင်လေးကို မပြောရက်ရှာပေ။

** ဟူး . . ငါ ဘာလုပ်ရမလဲ? ငါမရှိတော့ရင် မာ့ခ်တစ်ယောက်တည်း ထောင်ထဲမှာ ဘယ်လိုအသက်ရှင်မလဲ? ငါမထွက်ခင် သူလွတ်မြောက်ဖို့အရေးကြီးတဲ့ဟာကို . . ဘယ်လိုကြောင့် အဲ့ဒီစုံထောက်က ပေါ်မလာရတာလဲ? ငါ့ကိုလိမ်သွားတာလား? ဒါမှမဟုတ် ဒိမ်မီယယ်အစစ်ရဲ့သတ်ဖြတ်တာကို ခံလိုက်ရတာလား **

အားကစားချိန်ပေးထား၍ သံဇကာများခြံခတ်ဝန်းရံထားသောကွင်းပြင်ကြီးထဲက သစ်ပင်တစ်ပင်အောက်မှာ ထိုင်ရင်း ခရစ်တန်တစ်ယောက် မာ့ခ်အတွက် အချိန်အတော်ကြာ ခေါင်းစားနေခဲ့လေသည်။ သူ့ဘေးနားသို့ မာ့ခ်ဝင်ထိုင်လာသည်ကိုလည်း သူ မသိရှာ။

" ခရစ်တန် . . ခရစ်တန် ဘာတွေတွေးနေတာလဲ? "

" ဟင် ? အာ မာ့ခ် ဘာမဟုတ်ပါဘူး။ ဒီတိုင်း ကောင်းကင်ကြီးကို ငေးနေတာပါ။ "

" သြော် အဲ့ဒီလိုလား? ကျွန်တော်လည်းလေ နေရောင်ခြည်နဲ့ဓါတ်မတည့်ပေမယ့် နေအလင်းရောင်နဲ့ကောင်းကင်ကြီးကို သဘောကျတယ်။ တိမ်မည်းတွေကင်းစင်ပြီး ကြည်လဲ့နေတဲ့ကောင်းကင်ပြာကြီးက ကြည့်လိုက်တိုင်း စိတ်ကြည်နူးဖို့ကောင်းလိုက်တာ "

Hard Murder 1(Complete)Where stories live. Discover now