(Unicode) ထောင်ထဲ၌ တာဝန်ကျရာအလုပ်ကိုလုပ်ရင်း ကျင့်သားရနေသည့်နေ့ရက်များကို မာ့ခ် ဖြတ်သန်းနေရင်းမှ ပထမဦးဆုံး ဆီးနှင်းကျလာသည့် နေ့လေးတစ်နေ့မှာတော့ . . .
" ဟေး ဒိမ်မီယယ်။ ရော့ ယူလိုက် "
သူ့ရဲ့အခန်းဖော် ခရစ်တန်နှင့်လည်း ညီကိုရင်းတွေလို ခင်မင်နေပြီး . . ပို၍အေးလာပြီမို့ ခရစ်တန်က သူ့လက်ထဲသို့ အနက်ရောင်အနွေးထည်တစ်ခုကို လှမ်းပစ်ပေးလာသည်။" ဒါက? "
" ထောင်စောင့်တွေက လိုက်ပေးနေတာ။ တစ်ယောက်တစ်ထည်စီ။ မင်းနဲ့ တော်မလားတော့မသိဘူး။ ဝတ်ကြည့်ဦး "
ယောကျာ်းဆိုဒ် အနွေးထည်တစ်ထည်ဆိုပေမယ့် လူငယ်ဖြစ်တဲ့ မာ့ခ်၏ကိုယ်လုံးကိုယ်ပေါက်နှင့် သိပ်မကိုက်တဲ့အတွက် အဝတ်မှာ အနည်းငယ်ချောင်ကျနေခဲ့၏။ ခရစ်တန်ကလည်း သူမှန်းထားသည့်အတိုင်း ထိုကောင်လေးနှင့် ချောင်နေမှန်း သိရတော့ ဟာသတစ်ခုအဖြစ် ဟားတိုက်ရယ်နေခဲ့ပြန်သည်။
" ဟားဟား . . ပြောင်းစိုက်ခင်းမှာ ထားတတ်တဲ့ စာခြောက်ရုပ်နဲ့ တူလိုက်တာ။ ဟားဟား "
" ခရစ်တန်နော်။ ကျွန်တော့်ကို လာလာ မစနဲ့။ ကျွန်တော် ထွားလာဦးမှာပါဗျ "
" ဟားဟား မျှော်လင့်နေမယ် ဒိမ်မီယယ်။ ဟားဟား "
ခရစ်တန်ကတော့ သူများကို စနောက်ပြောင်ရယ်ရင်း ဟားတိုက်နေမိစဉ် သူ၏ရွှင်ပြနေသောမျက်နှာကို မာ့ခ် ငေးကြည့်မိရင်း ဝမ်းနည်းမှုတချို့ သူ့စိတ်ထဲသို့ ကိန်းအောင်းလာခဲ့ရသည်။
ဘာကြောင့်ဆို သူ့ဘဝအတွက် ပထမဆုံးခင်ဖူးတဲ့သူစိမ်းတစ်ယောက်ဟာ အခုထက်ထိ သူ့နာမည် အစစ်ကို မသိသေး၍ ဖြစ်သည်။သူ့ကို ဒိမ်မီယယ်လို့ ခေါ်လိုက်တိုင်း သူ့မျက်ဝန်းထဲ၌ အကိုဖြစ်သူ၏နှိပ်စက်မှုများက အမြဲခြောက်လှန့်ဆဲဆိုပေမယ့် ဘာမဖြစ်သလို သူ သည်းခံကြိတ်မှိတ်နေခဲ့ရသည်။ ဘယ်လောက်ပဲ သူ့ကို တားမြစ်ပိတ်ပင်ထားခဲ့ပါစေ သူ့ရဲ့အဖြစ်ချင်ဆုံးဆန္ဒတစ်ခုက သူခင်ရတဲ့လူတစ်ယောက်ကို နာမည်အစစ် သိစေချင်တာဖြစ်သည်။ ထို့ကြောင့် သိမ်ငယ်သောအသံလေးတစ်ခုဖြင့် သူ့နာမည်ကို တိုးတီးရေရွတ်မိလာတော့ . .
BẠN ĐANG ĐỌC
Hard Murder 1(Complete)
Bí ẩn / Giật gân(Uni)စိတ္တဇလူသတ်သမားတစ်ဦးနှင့်ချစ်ကြိုက်မိခြင်း ဤFictionသည် Psycho 18+အမျိုးအစားဖြစ်၍ စိတ်ပိုင်းဆိုင်ရာ အားနည်းသူများနှင့် နှလုံးအခံရှိသူများ ဖတ်ရန် မသင့်လျော်ပါ။ စာရေးသူ ကိုယ်ပိုင်ဖန်တီးထားသော မူပိုင်ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထ...