အကြည့်ခါးခါး အပြုံးချိုချို / အျကည့္ခါးခါး အျပံဳးခ်ိဳခ်ိဳ

2.5K 291 9
                                    

(Unicode) လီယို သေဆုံးပြီးနောက်မှာ အရာအားလုံးဟာ တိတ်ဆိတ်ငြိမ်ကျသွားခဲ့ပြီး တစ်စုံတစ်ယောက်၏ရှိုက်ငိုသံတို့က တသဲ့သဲ့တိုးဝင်လာခဲ့လေသည်။
ငိုသံပိုင်ရှင်ကား. . မသေသေးပဲ ကျန်ရစ်နေသည့် ကီယိုပင် ဖြစ်သည်။ ကြောက်အားလန့်အားဖြင့် ကလပ်မှာ မပေါက်ခဲ့ရတဲ့သေးတွေလည်း ကြမ်းပြင်ပေါ် စီးထွက်ကျနေခဲ့၏။

" မင်း အရမ်းညစ်ပတ်တာပဲ ကီယိုနော့်ခ်။ ကြောက်မနေပါနဲ့။ မင်းကိုတော့ ငါလွှတ်ပေးမှာပါ။ ဂိမ်းရဲ့စည်းကမ်းအရ ငါက တစ်ယောက်ပဲ သတ်မှာ။ ခစ် "

အက်ဆစ်ဟာ ကြောက်လန့်နေသည့် ကီယိုကို လူယုတ်မာအပြုံးနှင့် နှစ်သိမ့်ဖေးမပေးရင်း ဖမ်းချုပ်ထားသည့်ကြိုးများကို ဖြေလျော့ပေးလာခဲ့လေသည်။

" အက် အက်ဆစ်. . ငါတောင်းပန်ပါတယ်။ ငါ့ငိုမသတ်ပါနဲ့။ ငါမှားခဲ့ပါတယ်။ အားငယ်တဲ့သူကို ငါအနိုင်မကျင့်ခဲ့သင့်ဘူး "

ကြိုးတွေကြားက လွှတ်ပေးလိုက်တဲ့အခါမှာတော့ ကီယိုမှာ စိတ်ခြောက်ခြားနေခဲ့ပြီး တုန်တုန်ယင်ယင်ဖြင့် အက်ဆစ်ကို လက်အုပ်ချီတောင်းပန်လာခဲ့လေသည်။ ဝတ်တွားခယ တောင်းပန်နေခဲ့တော့ အက်ဆစ်မှာ သူ့ရဲ့မြက်ငုတ်တိုများကဲ့သို့ ထောင်ထွက်နေသည့်ဆံပင်များကို ခွေးတစ်ကောင်လို ပွတ်သပ်ပေးရင်း စာအုပ်တစ်အုပ်နဲ့ ဘောပင်တစ်ချောင်း ထိုးပေးလာခဲ့လေသည်။

" ငါမင်းကို မသတ်ပါဘူး ကီယို။ ဒီမှာ တောင်းပန်စာရေးပြီး ထွက်သွားလို့ရပြီ "

" အင်း ငါရေးပါ့မယ်။ ငါရေးပါ့မယ် "

အသတ်ခံရမှာကြောက်လွန်းလို့ ကီယိုမှာ စာအုပ်နဲ့ဘောပင်ကို ဆွဲယူပြီး ရေးဖို့ ဆိုင်းပြင်နေခဲ့လေသည်။
သူရေးရမည့်စကားလုံးများကိုတော့ အက်ဆစ်က ပြောပေးနေခဲ့၏။

" ငါတောင်းပန်ပါတယ် ရှိန်းနက် . . ငါတို့ မင်းကို အဖွဲ့လိုက် အနိုင်ကျင့်ခဲ့မိတယ်။ ငါတို့ရဲ့အမှားတွေကို ခွင့်လွှတ်ပေးပါ။ အပြစ်ကြွေးတွေပြန်ဆပ်ပါ့မယ်။ အားလုံးကို အဆုံးသတ် "

အက်ဆစ်ပြောရင်းနဲ့ ထိုစကားနားမှာ ရပ်လိုက်တော့ တုန်တုန်ချိချိနဲ့ လိုက်ရေးနေတဲ့ကီယိုတစ်ယောက် အက်ဆစ်ကို ကြောက်လန့်စွာ မော့ကြည့်လိုက်မိသည်။

Hard Murder 1(Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ