သေမင်းဗျူဟာ/ေသမင္းဗ်ဴဟာ

3.1K 353 31
                                        

(Unicode) ဈေးကြီးပေးရတဲ့အဝင်ကဒ်ကို အလကားရလာတာမို့ အလဟသအဖြစ်မခံပဲ သူတို့နှစ်ဦး ကားပါကင်မှာ ကားထိုးပြီး ကလပ်ဆီသို့ သွားရောက်ခဲ့ကြလေသည်။ သူတို့ထင်သည်က ထိုကဒ်နှစ်ခုကို ခေါင်းဆောင်ရိမ်း ပြင်ဆင်ပေးထားသည်ဟု ထင်ခဲ့မိသည်။
ဒါ့ကြောင့် ကလပ်ဂိတ်ဝမှာ ရိမ်းနှင့်ဆူဘတ်အား ဖုန်းဆက်ကြည့်မိသေး၏။

" ဆူဘတ်ကတော့ ဖုန်းမကိုင်ဘူးကွ။ ကြည့်ရတာ ရှိန်းနက်ရဲ့ပြဿနာကြောင့် သူ့အိမ်က တားမြစ်ထားတယ်ထင်တယ် "

" ရိမ်းလည်း ဘာထူးလဲ? လူးကတ်သေဆုံးတဲ့အမှုနဲ့ပက်သတ်ပြီး စိတ်မကောင်းဖြစ်နေတုန်းနေမယ် "

" ဒါပေမယ့်ကွာ တရားခံလည်း သေပြီပဲဟာ။ အေးဆေး အေးဆေး "

"" ဧည့်သည်တို့က အထဲဝင်ကြမှာလားဗျ ""

သူတို့နှစ်ယောက် ဘော်ဒါတွေကို ဖုန်းဆက်ပြီး အထဲဝင်သင့် မဝင်သင့် ဆွေးနွေးတိုင်ပင်နေကြစဉ် ဂိတ်ဝကို ပါတီဝတ်မျက်နှာဖုံးအဖြူဝတ်ထားသော စားပွဲထိုးဝတ်စုံနှင့် လူတစ်ယောက် ရောက်လာခဲ့လေသည်။ သူ့ကိုမြင်တော့ ကီယိုနဲ့လီယိုလည်း တစ်ယောက်ကိုတစ်ယောက် မေးငေါ့အချက်ပြပြီးနောက် လီယိုမှ ကဒ်များကို ထုတ်ပေးလာခဲ့၏။

ထိုလူဟာ လီယိုဆီက ကဒ်ကို စစ်ကြည့်ပြီး အပြုံးတစ်ခုဖြင့် သူတို့ကိုကြိုဆိုလာခဲ့သည်။

" အထဲကိုကြွပါခင်ဗျ။ နေရာတွေကို ကျွန်တော် လိုက်ပြပါမယ် "

ပြီးနောက် ဆန်းသစ်သောတီးလုံးသံများနှင့် ရွေ့လျားနေသောရောင်စုံမီးလုံးများက သူတို့နှစ်ဦးရဲ့စိတ်တွေကို ထကြွနိုးကြားလာစေတော့ စည်းချက်နှင့်အတူ သူတို့ခန္ဓာကိုယ်ကို လှုပ်ရှားလာမိကြ၏။
ကလပ်ထဲရောက်တဲ့အခါမှာတော့ သူသူကိုယ်ကိုယ် သီချင်းသံများကြား အပြိုင်အဆိုင် ခုန်ကနေကြတာမြင်ရတော့ ကီယိုတစ်ယောက် အရမ်းမှင်သက်သွားပြီး လူအုပ်ထဲသို့ တိုးဝင်လေတော့သည်။
လီယိုလည်း ကလပ်ရဲ့ပြင်ဆင်ဖွဲ့စည်းမှုကို မျက်စိတစ်ဆုံးမော့ကြည့်ရင်း သူကိုယ်တိုင် ဝင်ကဖို့ ပြင်လိုက်စဉ် . . .

" ဧည့်သည် ဘာသောက်မလဲ "

သူ့ဘေးက စားပွဲထိုးဟာ အခုထိ ထွက်မသွားသေးပဲ သူ့ကို တိုးကပ်မေးလာတော့ ကီယိုအတွက်ပါ ပေါင်းပြီး ဆိုဒါနှစ်ပုလင်း မှာလိုက်လေ၏။

Hard Murder 1(Complete)Tempat di mana cerita hidup. Terokai sekarang