(Unicode) နောက်တစ်နေ့ နံနက်သို့ ရောက်တဲ့အခါ . . ဘယ်သူတွေဘယ်လိုကြံစည်နေရယ်မသိပေမယ့် ဟာလေကတော့ ယခုထက်ထိ အိပ်ယာက မထနိုင်သေးပေ။ ညက လွန်ကြူးခဲ့မိတဲ့အတွက် ပင်ပန်းပြီး အိပ်နေလိုက်တာ . . သူချိန်းဆိုထားသည့်ကိစ္စများကိုပင် မေ့မေ့ပျောက်ပျောက်ဖြစ်နေခဲ့၏။
ဟင်း. . .
ဒါပေမယ့် ပြတင်းပေါက်မှ နေရောင်က သူ့ကိုနိုးထဖို့ အတင်းသတိပေးနှိုးဆော်နေပြန်တော့ . . ဟာလေတစ်ယောက မျက်စိကို လက်ဖြင့်အုပ်ရင်း စတင်ညည်းတွားလာခဲ့သည်။ ထို့နောက် နေရောင်ကို ကျောပေးပြီး လှည့်အိပ်ဖို့ ကြံလိုက်ရာ တစ်ဖက်မှာ အက်ဆစ်ရှိမနေလေတော့ ဟာလေမျက်လုံးတို့ ချက်ချင်းပြူးလည်သွားပြီး စားပွဲတင်နာရီကို ချက်ချင်းလှည့်ကြည့်မိတော့၏။
အချိန်ကား ၇နာရီ ကျော်နေပြီဖြစ်သည်။** သူဘယ်ရောက်သွားတာပါလိမ့်. . ၇နာရီ ၇နာရီတောင် ရှိနေပြီ။ သူ့ကို ရှာရမယ် **
ကြံစည်ထားတာတွေအရာထင်ဖို့အတွက် တစ်နာရီပဲ လိုတော့တာမို့ ဟာလေ ပြာယာတကြီးဖြစ်ပြီး အက်ဆစ်ကို ရှာဖို့ ကုတင်မှ ကုန်းကြုံးထလိုက်မိသည်။ ပြီးနောက် ကုတင်မှ ဆင်းကာ တံခါးပေါက်သို့ ထအပြေး . . .
အား. . ဘုန်း . .
ကုတင်အောက်မှ အေးစက်စက်လက်တစ်စုံဟာ သူ၏သေးသွယ်တဲ့ခြေကျင်းဝတ်အား ဆောင့်ဆွဲလိုက်သည့်အတွက် ဟာလေ အရှိန်လွန်ပြီး ကြမ်းပြင်ပေါ် မှောက်လျက် ပစ်လဲကျသွားရသည်။ ဘယ်လောက်တောင် အထိနာသွားသလဲဆို ကြမ်းပြင်နဲ့နှာခေါင်း ဆောင့်ရိုက်မိပြီး နှာရိုးကျိုးတော့မတတ် ပူထူအောင့်တက်သွားခဲ့ရ၏။
" ဘာကြီးလဲ? ဘာကြီးလဲ "
ထို့နောက် သူ့ခြေထောက်ကို ဆွဲကိုင်ခဲ့တဲ့အေးစက်စက်အရာကြီးအား ကြောက်လန့်တကြားဖြင့် လှည့်ကြည့်မိလိုက်တော့ . . .
" ဟီးဟီး. . ခစ်ခစ်ခစ် လန့်သွားတာလား? "
ကုတင်အောက်၌ ဘယ်အချိန်ကတည်းက သူ့ကို စနောက်ဖို့လုပ်ထားသလဲမသိတဲ့အက်ဆစ်က ရယ်ပြုံးပြုံးဖြင့် လှမ်းမေးလာခဲ့၏။ လုပ်လိုက်လျှင် ဒုန်းခနဲ ဇက်ခနဲ ကြမ်းတမ်းလွန်းလှ၍ အက်ဆစ်ဟာ သရဲတစ်ကောင်ထက်ပင် ပိုကြောက်စရာကောင်းတာမို့ ဟာလေ သက်ပြင်းကြီးကြီးချလိုက်မိလေသည်။

أنت تقرأ
Hard Murder 1(Complete)
غموض / إثارة(Uni)စိတ္တဇလူသတ်သမားတစ်ဦးနှင့်ချစ်ကြိုက်မိခြင်း ဤFictionသည် Psycho 18+အမျိုးအစားဖြစ်၍ စိတ်ပိုင်းဆိုင်ရာ အားနည်းသူများနှင့် နှလုံးအခံရှိသူများ ဖတ်ရန် မသင့်လျော်ပါ။ စာရေးသူ ကိုယ်ပိုင်ဖန်တီးထားသော မူပိုင်ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထ...