(Unicode) လူးကတ် မပျောက်ဆုံးခင်က ရှိန်းနက် သေဆုံးသည့်အမှုအတွက် ဂျူရီတစ်ယောက် တရားမျှတမှုအတွက် အတင်းတောင်းဆိုခဲ့သည်။ တိုင်ချက်လည်း ဖွင့်ခဲ့သည်။
သို့သော် ထိုကိစ္စကို ဟာလေသာသိလျှင် တရားမျှတဖို့ ဝင်ကူညီမှာ ဆိုး၍ ဟာလေ မသိအောင် ထိုအမှုကို ဗင်ဇယ်ကိုယ်တိုင် ဖျောက်ဖျက်ပစ်ခဲ့ခြင်းဖြစ်သည်။ ဒါ့ကြောင့် သတ်သေသည့်အမှုနှင့်သာ ပြီးဆုံးခဲ့ရ၏။
ထိုရက်အတွင်းမှာ ဟာလေကို ခွင့်ပေးပြီး အိမ်ပြန်ခိုင်း၍ ဟာလေ ဘာမသိလိုက်ပဲ ဆန်ဖရန်ဆစ်စ္စကိုသို့ တစ်ပတ်တိတိ ပြန်သွားခဲ့လေသည်။ သူပြန်ရောက်လာတော့ ရှိန်းနက်အမှုကို မသိခဲ့ရပဲ လူးကတ်ပျောက်ဆုံးသည့်အမှုနှင့်သာ ကြုံကြိုက်ခဲ့ရ၏။
ထိုအခါမှ ဗင်ဇယ်က လူးကတ်ပျောက်ဆုံးသည့်အမှုကို သူ့အား ကူလိုက်ခိုင်း၍ ဗင်ဇယ်နှင့်အတူ လူပျောက်မှုကို ကူလိုက်ခဲ့သည်။ ဟာလေက အမှုလိုက်သည့်နေရာတွင် ခြေရာခံတော်လွန်းသည့်အပြင် လူးကတ်ဟာ သူစုံစမ်းတဲ့အထဲမှာ အက်ဆစ်နဲ့ရန်ဘက်ဆိုတာ ကြိုသိပြီးသားမို့ ရက်ပိုင်းအတွင်း တရားခံနှင့် နီးစပ်နိုင်ခဲ့သည်။
လူးကတ်ကို ကလပ်မှာ ဖမ်းဆီးသွားသော ပုံရိပ်အား ခြေရာပြန်ကောက်ရင်း ခရစ်စမတ်ညမှာ တရားခံဖြစ်တဲ့အက်ဆစ်ကို သူတို့ လိုက်ဖမ်းဖြစ်ခဲ့ကြသည်။ အဲ့ဒီအချိန်မှာ တကယ့်တရားခံအက်ဆစ်ရဲ့နောက်ကို ဟာလေ ပြေးလိုက်နေတဲ့အချိန်. . ကိုယ်ပွါးဖြစ်တဲ့ဂျူရီဟာတော့ ဗင်ဇယ်နှင့်ကြုံကြိုက်ပြီး သူ့ရဲ့သေနတ်အောက်မှာ သေဆုံးခဲ့ရခြင်းဖြစ်သည်။
ဒိုင်း . . .
သူလုပ်ခဲ့တဲ့လုပ်ရက်က လူသေသွားစေခဲ့တော့ ဗင်ဇယ်မှာ ထိုရက်ပိုင်းအတွင်း စိတ်နဲ့လူနဲ့မကပ်နိုင်ဖြစ်နေခဲ့လေသည်။
" ဒါလင် . . ဒါလင် ဘာဖြစ်နေတာလဲ? ခေါ်မကြား အော်မကြား "
ဒါ့ကြောင့် လူကသာ အယ်မလီနှင့် ချိန်းတွေ့နေကျဖြစ်တဲ့ ဟိုတယ်မှာ အတူရှိနေခဲ့ပေမယ့် စိတ်က တွေဝေနေလေတော့ အယ်မလီပြောသမျှကို ကြားတစ်ချက် မကြားတစ်ချက်ဖြစ်နေခဲ့သည်။
YOU ARE READING
Hard Murder 1(Complete)
Mystery / Thriller(Uni)စိတ္တဇလူသတ်သမားတစ်ဦးနှင့်ချစ်ကြိုက်မိခြင်း ဤFictionသည် Psycho 18+အမျိုးအစားဖြစ်၍ စိတ်ပိုင်းဆိုင်ရာ အားနည်းသူများနှင့် နှလုံးအခံရှိသူများ ဖတ်ရန် မသင့်လျော်ပါ။ စာရေးသူ ကိုယ်ပိုင်ဖန်တီးထားသော မူပိုင်ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထ...
