ပေါ်တော်မူ/ေပၚေတာ္မူ

4.4K 466 40
                                        

(Unicode) နေအလင်းရောင်နှင့် သာယာသောနေ့သစ်လေးတစ်ခု၌ . . .

" တရားစီရင်ချက် စတင်ပါပြီ "

ခမ်းနားကြီးကျယ်သော မြို့နယ်တရားစီရင်ခန်းထဲတွင် အက်ဆစ်ဟာ တရားခံတစ်ယောက်အနေနဲ့ စစ်ဆေးမေးမြန်းခြင်းကို စတင်ခံခဲ့ရတော့သည်။ အိမ်နီးချင်းမိန်းမတစ်ဦးဟာလည်း သူ မြင်ခဲ့သမျှကို တစ်လုံးမကျန်ပြန်ပြောပြခဲ့သည်။

မိုးသည်ထန်သော ထိုညက အက်ဆစ်တို့အိမ်လေးဟာ ပြတင်းပေါက်တွေ ဖွင့်ဟထားခဲ့၍ အိမ်ထဲက အော်သံများနှင့် ဓါးခုတ်သံများကို ကြားရကြောင်း၊ နောက်ဆုံး အခြေအနေငြိမ်ကျသွားလေတော့ စပ်စပ်စုစု သူသွားကြည့်ရာကနေ သွေးအိုင်ထဲ၌ ကြောက်လန့်စွာထိုင်နေသော အက်ဆစ်ကို တွေ့ရကြောင်း ရှင်းပြလာခဲ့သည်။

ငယ်ရွယ်သေးသော ကောင်လေးတစ်ယောက်ဟာ လူတစ်ယောက်ကို သတ်မိတဲ့အခါ တုန်လှုပ်နေမှန်း ရိပ်မိကြ၍ အားလုံးဟာ မျက်မြင်သက်သေစကားအတိုင်း ဆက်လက် ဆောင်ရွက်ခဲ့ကြသည်။

တစ်ချိန်က ပစ်ပစ်ခါခါငြင်းဆိုနေသော ထိုကောင်လေးဟာလည်း ဒီနေ့မှာတော့ မလှုပ်မယှက်နှင့် ခေါင်းငြိမ့်နေခဲ့၍ အဝေးကနေ ထိုင်ကြည့်နေရတဲ့ ဟာလေမှာ အံ့သြလို့ မဆုံး ဖြစ်နေခဲ့ရသည်။ ဗင်ဇယ်ကတော့ သက်သေအားလုံးကို သူ မငြင်းဆန်နိုင်တော့၍ ဝန်ခံလိုက်ခြင်းဖြစ်သည်ဟု ထင်သည်။

သို့သော် ထိုကောင်လေး၏နားထဲမှာတော့ . . တစ်စုံတစ်ယောက်၏အသံများကို ပြန်ကြားနေလျှက် . .

# အေးအေးဆေးဆေးနဲ့ နေနေရတဲ့ဘဝကို မင်းမကြိုက်ဘူးလား။ ငါဆို မင်းနေရာကို ပိုသဘောကျမိသလိုပဲ။ အဲ့ဒါမှ မာမီ နှိပ်စက်တာကို မခံရမှာလေ။ #
# ငါတို့ကို နှိပ်စက်နေတဲ့မာမီ့ကို ငါသတ်ပစ်လိုက်ပြီ။ အဲ့ဒါကြောင့် ငါ့တာဝန်ကျေပြီ။ အခု မင်း တာဝန်ယူရမယ့်အလှည့်။ ကိုယ့်တာဝန်ကို ကျေပါစေ #

သူ မလုပ်ခဲ့သည့်အပြစ်တစ်ခုမို့ သူ ငြင်းဆန်ချင်ပေမယ့် တစ်စုံတစ်ယောက်အတွက် သူအနစ်နာခံလိုက်ဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်သည်။ ဒါ့ကြောင့် အက်ဆစ်ဆိုသော အပြစ်သားနာမည်နှင့် အကျဉ်းထောင်ဆိုသော ငရဲခန်းထဲသို့ သူသွားရတော့မည်ဖြစ်၏။

Hard Murder 1(Complete)Onde histórias criam vida. Descubra agora