ကျည်ဆံတစ်တောင့်/က်ည္ဆံတစ္ေတာင့္

3K 366 44
                                        

(Unicode) " ဟေ့ ဟာလေစံ . . ခေါ်နေတာ မကြားဘူးလား? ဟေ့လူ "

နောက်တစ်နေ့ မနက်မိုးလင်းချိန်တွင် ဟာလေတစ်ယောက် နှိပ်စက်ခံထားရတဲ့ဒဏ်ကြောင့် တစ်ဖက်လူ၏ခေါ်သံကို ကြားပါလျှက် မထနိုင် ဖြစ်နေခဲ့လေသည်။

" ဟင်း. . . "

" သူများအိမ်မှာ အိပ်ချင်တိုင်း အိပ်လို့ ရမလား။ ထစမ်း။ အလုပ်မှာ မအိပ်ခဲ့ရတာတွေကို အတိုးချပြီး အိပ်မနေနဲ့။ မထရင် ခွေးနဲ့ ရှူးတိုက်ပစ်မှာနော် "

ဝုတ် ဝုတ် . . .

စိတ်မရှည်စွာ ပြောဆိုသံနှင့်အတူ ခွေးဟောင်သံတချို့ကို ထပ်ကြားလိုက်ရတော့ ဟာလေလန့်သွားပြီး မျက်လုံးကို ဆတ်ခနဲ ဖွင့်ကြည့်လိုက်မိသည်။

" အား ကျွတ်ကျွတ် "

ဖွင့်ဟလာတဲ့မျက်ဝန်းထဲမှာ ဝှီးချဲတစ်ခုပေါ် ထိုင်နေတဲ့ခြေထောက်တစ်စုံရယ် ခွေးနက်တစ်ကောင်ရယ် မြင်လိုက်ရတော့ ဟာလေ လန့်ပြီး အတင်းကုန်းထလိုက်မိ၏။
ခြေထောက်တစ်ဖက်ကလည်း အရမ်းကိုက်ခဲနေပြီး အရိုက်ခံထားရသည့်ခေါင်းကလည်း မူးဝေလေးလံနေခဲ့တော့ ဖြစ်နေသမျှအရာအားလုံးက ဟာလေအတွက် အိပ်မက်သဏ္ဍာန် ဝေဝါးဝါးသာ ရှိနေခဲ့သည်။
သို့သော် အိပ်မက်မဟုတ်။ သူတကယ်ခံနေရသည့် ငရဲသာ ဖြစ်သည်။

" အက်ဆစ်? "

သူထကြည့်လိုက်တဲ့အခါ ဝှီးချဲပေါ် ထိုင်နေသည်က အက်ဆစ်သာ ဖြစ်၏။
အက်ဆစ်ကတော့ လက်ပိုက်ပြီး ဖြူဖက်ဖြူရော်ဖြစ်နေသည့်သူ့အား စိတ်မရှည်သည့်ဟန်ဖြင့် ကြည့်နေခဲ့သည်။

" နိုးလာရင်လည်း လူကို ကြောင်ကြည့်မနေနဲ့လေ။ ဘေးမှာ အဝတ်အစားရှိတယ်။ မတွေ့ဘူးလား။ အဲ့ဒါ လဲဝတ်ပြီး ဒီဝှီးချဲနဲ့ မီးဖိုခန်းကို လာခဲ့။ နေရာတွေတော့ မှတ်မိပါတယ်နော် "

" ဟင်? ငါ ဘယ်ရောက်နေတာလဲ? "

နိုးနိုးချင်း ပတ်ဝန်းကျင်ကို သတိမထားမိပေမယ့် အခု သေချာပြန်ကြည့်လိုက်မှ သူဟာ လှေကားရင်းမှာ ခွေးတစ်ကောင်လို ချည်နှောင်ခံထားရတာမဟုတ်ပဲ အခန်းတစ်ခုအတွင်းမှာ ရှိနေသည်ကို သတိထားလိုက်မိလေသည်။
ဘယ်အချိန်က သူ့ကို အက်ဆစ် ရွှေ့ပေးလိုက်တာလဲ မသိ၍ ပြူးကြောင်ကြောင်နှင့် မေးလိုက်မိတော့ အက်ဆစ်က သူ့ကို ဂရုမစိုက်ပဲ အပြင်သို့ ထွက်သွားခဲ့လေသည်။

Hard Murder 1(Complete)Место, где живут истории. Откройте их для себя