အနီးဆုံးရန်သူ/အနီးဆံုးရန္သူ

3.1K 371 56
                                        

(Unicode) မစ်စ် အစ္စဘယ် သေဆုံးမှုအား စုံစမ်းနေကြသော ရဲဌါနချုပ်တွင် ကုမ္ပဏီ၏အတွင်းအပြင် လှုပ်ရှားမှုပုံရိပ်များကို CCTVကနေတစ်ဆင့် လေ့လာဆန်းစစ် ကြည့်ရှုနေခဲ့ကြသည်။
အထူးသဖြင့် အခင်းဖြစ်ခဲ့သော ဓါတ်လှေကားမှ ပုံရိပ်များကို ပြန်ရစ်ကြည့်တော့ . . .
 
" အိုးမိုင်ဂေါ့ . . . "

လူသတ်သမားဟာ သေသူ၏အဝတ်များကို ဖယ်ရှားလိုက်စဉ်တွင် ရဲများ အားလုံး မျက်လုံးမှိတ်ကုန်မိကြ၏။ သို့သော် ဟာလေမှာတော့ ဆက်ဖြစ်မည့်အကြောင်းရာများကိုသာ မဲတင်းနေ၍ ရှက်စရာကိုပင် မတွေးနိုင်ခဲ့ပေ။

" သူ့ကို လက်မခံလို့ သတ်ပစ်ခဲ့တာလား? "

" မဖြစ်နိုင်ပါဘူးကွာ။ ဟိုက သူ့ကို အဝတ်တောင် ချွတ်ခိုင်းနေမှတော့ . . "

" ဆက်ကြည့်မှ သိမှာပေါ့။ လေရှည်မနေကြနဲ့ "

ရဲဝန်ထမ်းများ၏တိုးတီးပြောသံများကို နားညီးလာသော ဗင်ဇယ်တစ်ယောက် အာဏာဆန်သည့်လေသံဖြင့် အော်ငေါက်လိုက်တဲ့အခါမှ အဖွဲ့သားအားလုံးဟာ ငြိမ်ကျသွားပြီး မှတ်တမ်းကို ဆက်လက်ကြည့်ရှုခဲ့ကြလေသည်။
နောက်ပိုင်းမှာတော့ မိန်းကလေးတစ်ယောက်အား ရစရာမရှိအောင် သတ်ဖြတ်နေသော လူသတ်သမား၏ပုံရိပ်ကို တွေ့ခဲ့ရ၍ အားလုံးဟာ စိတ္တဇ လူသတ်သမားဟုပင် ကောက်ချက်ချခဲ့ကြသည်။

** ရက်စက်လိုက်တာ အက်ဆစ် **

ဟာလေလည်း လူသတ်မှုအစအဆုံးကို ကြည့်မိပြီး ဖြူစင်တဲ့သူ့နှလုံးသားနဲ့ တွေးကာ အက်ဆစ်အား အရမ်းမုန်းတီးနေခဲ့မိသည်။ အပြင်ပန်းမှ ကြည့်လျှင် ပျော့ညံ့ပြီး ကလေးဆန်သော ကောင်လေးတစ်ယောက်ဟု ထင်ရပေမယ့် အခုတော့ သူထင်ထားတာထက် ပိုရက်စက်နေ၍ ဟာလေမှာ ပြောစရာစကားပျောက်ရှပြီး ဆွံ့အနေခဲ့ရ၏။

" သေတဲ့လူကိုတောင် ထပ်ပြီး ထိုးသတ်နေတာက နည်းနည်းစိတ်ဖောက်နေတာပဲ ဖြစ်မယ်။ "

" အမုန်းတရားကြောင့်လည်း ဖြစ်နိုင်တာပဲ။ မျက်နှာမမြင်ရတာက အဓိက ဖြစ်နေတော့. . ကျန်ရှိနေတဲ့သဲလွန်စတွေကပဲ ရှာမှ ရမယ်။ မင်းတို့ကို ကုမ္ပဏီ ပတ်ဝန်းကျင်တစ်ဝိုက် ဖြန့်ကျက်စစ်ဆေးခိုင်းထားတာ အခြေအနေ ဘယ်လိုရှိလဲ? "

Hard Murder 1(Complete)Tempat cerita menjadi hidup. Temukan sekarang