ဇာတ်သိမ်းပိုင်း ❤❤❤

33 1 0
                                        

မနက်ရောက်တော့ အမ one က win နဲ့လိုက်ဖို့ပြင်နေပါတယ်

"အမ နေမကောင်းသေးဘူးမှတ်လား၊အိမ်မှာပဲ နားနားနေနေ နေပါလား"

"ရပါတယ်၊အမနေကောင်းပါတယ်"

"အမ အိမ်ထဲမှာဆိုတစ်ယောက်ထဲ ပျင်းနေမှာ၊ကိုယ့်လည်း အမကို ဘာမှမခိုင်းဘူး စိတ်ချပါ"

"အင်းပါ"

bright ကအမရဲ့ ဂုဏ်သိက္ခာကြောင့် ဘယ်သူကိုမှ မပြောပြပါဘူး၊နေလယ်ရောက်တော့ bright က win ကိုအားဆေးတိုက်ဖို့ ဖုန်းဆက်ပြီး လှမ်းပြောနေတယ်၊ညနေကျတော့ bright ကအိမ်ကိုအစောကြီး ပြန်ရောက်နေပြီး အမ one နဲ့ win တို့ကြိုက်တဲ့ဟင်းတွေ ချက်နေပါတယ်၊win တို့ပြန်ရောက်တော့ သုံးယောက်သား စကားပြောရင်း လက်ဆုံစားနေကြတယ်

"အမ ဒီနေ့နေရတာ သက်သာရဲ့လား"

"အင်း...နေလို့ကောင်းပါတယ်"

"အချစ်ကရော အရမ်းခိုင်းသေးလား"

"မိန်းကလည်းကွာ မသိရင် ကိုယ့်ကအရမ်းခိုင်းသူ ကျနေတာပဲ"

"ဘာမမလုပ်ရပါဘူး၊အမ နားနားနေနေ လုပ်ရတာပါ"

"အချစ် အမကိုအလေးအပင်တွေ မ မခိုင်းနဲ့နော်၊အကြာကြီးလည်းမရပ်ခိုင်းနဲ့ ပြီးတော့အပူအစပ်တွေလည်း မစားခိုင်းနဲ့၊အကြာကြီးလည်း မထိုင်ခိုင်းနဲ့ ပြီးတော့...."

"ဘာထပ်ရှိသေးလို့လဲ...ဖြေးဖြေးချင်းပြောပါ၊အဲ့လောက်များတော့ ကိုယ့်လည်းမမှတ်နိုင်ဘူး"

"အမကိုယ့်ကို ကိုဂရုစိုက်နိုင်ပါတယ်၊win နဲ့ bright ကိုလည်းကျေးဇူးတင်ပါတယ်"

"ကျေးဇူးတင်စရာမလို့ပါဘူး၊အမကကျွန်တော်တို့ကို ချစ်စရာကလေးလေး မွေးပေးမှာပါပဲဟာ"

"ဟုတ်တယ်...အခုကစပြီး အားငယ်စရာတွေမတွေးပါနဲ့၊အကူညီလိုရင်လည်း အချိန်မရွေးပြောပါ"

"အင်း...."

bright ကအခန်းထဲ ရောက်သွားတာတောင် မအိပ်သေးပဲ win ကိုမှာနေပါတယ်

"အချစ် အမကိုဂရုစိုက်ရမယ်နော်"

"အင်း..အိပ်ရအောင်"

win က bright ကိုရင်ခွင်ထဲသွင်းပြီး ဖက်ထားကာနဖူးလေးကို အနမ်းပေးလိုက်တယ်

အမည်မသိရင်ထဲကဖြစ်ပေါ်လာတဲ့အချစ်စစ်တစ်ခုWhere stories live. Discover now