အပိုင်း(၂)

53.2K 4.5K 147
                                    

#For Unicode

ကျောင်း၀င်းထဲတွင် သူငယ်ချင်းအုပ်စု ဟိုတစ်စုဒီတစ်စုသည် နွေရာသီသုံးလလုံးလုံး၊မတွေ့ရဘဲ ယနေ့မှ ပြန်တွေ့ကြရ၍ ပြောမကုန်သောစကားများကိုဖောင်ဖွဲ့နေကြသည်။ကျောင်းဝင်း၏ အလယ်တည့်တည့်တွင်တော့ တစ်ပင်ထဲ ထီးထီးကြီးရှိနေသော သရက်ပင်ကြီးကိုတွေ့ရ၏။ သရက်ပင်ကြီးရဲ့ အနီးတစ်ဝိုက်တွင်လည်း
သစ်ရွက်ခြောက်များ အနည်းငယ် ကြွေကျလို့နေသည်။

ကျောင်းအဝင်လမ်းမှ အစ်ကို လမ်းညွှန်ပေးသည့် အတိုင်း လျှောက်လာပြီးနောက် ပိုးလွန်းအိမ် တက်ရမည့် အခန်းကို ရှာတွေ့ ခဲ့သည်။သူတက်ရမည့် အခန်းဟု သေချာသွားသည်ကတော့ တစ်ဦးတည်းသော သူငယ်ချင်းဖြစ်သူ အာကာ့ကို လှမ်းတွေ့လိုက်ခြင်းကြောင့်ပင်။

အာကာသည် ပိုးလွန်းအိမ်၏ ရှားရှားပါးပါး
ငယ်သူငယ်ချင်းဖြစ်သည်။အသားဖြူဖြူ ၊ တရုတ်မျက်နှာပေါက်လေးနှင့် ပြုံးလိုက်ရင် မျက်လုံးလေး နှစ်ဖက်ပိတ်သွားကာ ချစ်စရာကောင်း၏။သို့သော် အရပ်လေးက ခပ်ပုပု၊စာဂျပိုးဖြစ်တာမို့ မျက်မှန်အဝိုင်းလေး တပ်ထားသေးသည်။အရပ်က ငါးပေရှစ်လက်မရှိသော ပိုးလွန်းအိမ်ထက် အတော်ပင်ပု၍ ပိုးလွန်းအိမ်၏ ညီလေးလားဟု စခံရတိုင်း အာကာ ကြိတ်မနိုင်ခဲမရ ရန်ပြန်တွေ့တတ်၏။

အခုတော့ ပိုးလွန်းအိမ်ကို လှမ်းတွေ့ကာ အာကာ အတန်းပြင်ကို ပြေးထွက်လာသည်။

"ဟျောင့် ပိုးလုံး....မင်းကလဲ နောက်ကျလိုက်တာ...."

"အေး..ငါအခန်းရှာမတွေ့လို့..."

"ဖြစ်ရမယ်...လာလာ မင်းဖို့ နေရာဦးထားတယ် "

နှစ်ယောက်သား အတန်းထဲဝင်လာတော့ ကျောင်းသားများလည်း အတော်ပင်စုံလို့နေပြီ။ပိုးလွန်းအိမ်ကို တွေ့တာနဲ့ အတန်းထဲက ကောင်မလေးတွေ မျက်နှာကပြုံးစိစိ။တချို့က လှမ်းနှုတ်ဆက်ပေမဲ့ ထုံးစံအတိုင်း
ပိုးလွန်အိမ်ကတော့ ခပ်တည်တည်သာ။ဒါကြောင့်လဲ အချေကောင်ဟု ထင်ခံရတာ မထူးစမ်းတော့။သူ့ အကျင့်ကိုက တသီးတသန့်ရတာကိုပဲ သဘောကျသည်။အာကာ တစ်ယောက်နဲ့တောင် နားညီးနေပြီမို့ နောက်ထပ်သူငယ်ချင်းထားဖို့လည်း စိတ်ကူးမရှိတော့ပါ။

သူဖန်ဆင်းတဲ့ လွန်းအိမ်ငယ် ( Completed )Nơi câu chuyện tồn tại. Hãy khám phá bây giờ