Extra-1

31.5K 2.4K 165
                                    

#For Unicode

"ပိုးလုံး ငါကတော့ ခွင့်မပြုဘူးလို့ထင်တယ်"

"အေး ဘယ်လိုပဲ ဖြစ်ဖြစ်ရအောင်ပြောရမှာဘဲ"

ဆေးရုံရှိနားနေခန်းထဲတွင် သူငယ်ချင်း
နှစ်ယောက် ခေါင်းချင်းဆိုင်လျက် အကြံအိုက်နေတော့သည်။အာကာက ကိစ္စမရှိသော်လည်း
လွန်းအဖို့ မာန့်ကို ခွင့်ပြုချက်တောင်းဖို့ရာ ဖြစ်နိုင်မယ် မထင်။အိမ်ထောင်သက် ခြောက်လအတွင်းမှာ ဘာပဠိပက္ခမှ မရှိခဲ့သော်လည်း ဒီနေ့မှ စကားများရတော့မည့်အခြေအနေရှိသည်။သို့ပေမဲ့လည်း မတတ်နိုင်။ပြောတော့ ပြောရမှာပင်။လွန်းဘဝက ဆယ်ကျော်သက်ကောင်လေးအတိုင်း တစ်ခုခုလုပ်ဖို့အတွက် မိဘတွေထံမှ ခွင့်တောင်းရမှာထက်ပင် ပိုဆိုးနေပါသေး၏။

"မင်း မလိုက်ရင်လဲ မလိုက်ပါနဲ့လား ပိုးလုံးရာ..
မင်းက ပိုးလို မွေးလာတာ ငါ့ကောင်ရ...
ငါတို့ သွားမယ့်ဆီက တော်တော် ခေါင်တယ် ပြောတယ်။အစားအသောက်က အစ မင်းစားနိုင်မှာမဟုတ်ဘူး"

အာကာ့ စကားကို လွန်း စိတ်ဘဝင်မကျလှ။

"ဟေ့ကောင် ငါတို့ ဒီဆေးရုံမှာက ပိုက်ဆံရှိတဲ့ သူတွေ ပဲလာကြတာ...ငါ ဆရာဝန်လုပ်ကတည်းက မရှိတဲ့ သူတွေကို အလကား ကုပေးချင်ခဲ့တာ မင်းအသိဆုံး..ပြီးတော့ ယောက်ျားပါကွ...သူများတွေတောင်နေနိုင်တာ ငါက ဘာလို့မနေနိုင်ရမှာလဲ"

‌"အေးပါကွာ မင်းမပါရင် ငါလဲ တစ်ယောက်တည်းဖြစ်နေမှာ...ကိုမာန့်ကို ရအောင်ပြော"

"အေး..."

မကြာခင် ကျရောက်တော့မည့် သတင်းကျွတ်
ပိတ်ရက်ကို လွန်းတို့ ဆေးရုံက ဆရာဝန်တချို့စုပေါင်းကာ ရွာဘက်သို့ သွားပြီး ပရဟိတဆေးကုပေးဖို့အတွက် တိုင်ပင်နေကြခြင်းဖြစ်သည်။သို့ပေမဲ့ ရက်က အနည်းငယ်မဟုတ်၊အနည်းဆုံး နှစ်ပတ်လောက်တော့ကြာမည်။ဆေးရုံအုပ်ကိုယ်တိုင် ခွင့်ပြုထားသည်မို့အဆင်တော့ပြေ၏။

လွန်းကလည်း လုပ်အားပေးဖို့ကိုတက်ကြွနေမိသည်။ငွေကြေးမပြည့်စုံတဲ့ သူတွေကို အတတ်နိုင်ဆုံး ကူညီချင်တာက လွန်း အိပ်မက်တစ်ခု။

သေချာပေါက် ကိုကိုကတော့ ခွင့်ပြုမှာမဟုတ်။
အိမ်ထောင်ကျပြီးသည့်တိုင် မျက်စိအောက်က
အပျောက်ခံတဲ့ သူက နှစ်ပတ်မပြောနှင့်
နှစ်ရက်၊ သုံးရက် ဆိုလျှင်လည်း ငြင်းဆန်လိမ့်မည်။အခုလည်း သူ နော်ဝေကို အလုပ်ကိစ္စသွားဖို့အတွက်ကိုပင် လွန်း လိုက်ဖို့ရာ ဆေးရုံကခွင့်ရက်မရ၍  မသွား‌တော့ဘဲ online meeting လုပ်ထားခြင်းဖြစ်၏။လွန်း ကိုယ်တိုင်လည်း မခွဲချင်ပါ။သို့သော်လည်း ဖုန်းဆက် အလွမ်းသယ်လို့ရတာမို့ လွန်း မရ၊ ရအောင်တော့
ပြောကြည့်ရမည်။

သူဖန်ဆင်းတဲ့ လွန်းအိမ်ငယ် ( Completed )Nơi câu chuyện tồn tại. Hãy khám phá bây giờ