အပိုင်း ( ၂၆ )

34.6K 3.2K 163
                                    

#For Unicode

Hotpot အိုးက တစ်ပွက်ပွက်ဆူနေသော်လည်း မာန် ဗိုက်မဆာနိုင်။ရှေ့တွင်ထိုင်ကာ စကားမပြောသေးဘဲ Hotpot အိုးကို မွှေနေသော လွန်း၏အမေ ဒေါ်လွန်းထိပ်ထားအား ကြောက်ရွံစွာ ကြည့်နေမိသည်။စရောက်ကတည်းက သူ(မ)နာမည်သာ မိတ်ဆက်ပြီး ခုချိန်ထိ ဘာတစ်ခွန်းမှ မပြောသေးတာမို့ မာန် ပိုပြီး စိုးရိမ်လာမိသည်။

ဒေါ်လွန်းထိပ်ထား၏ ပုံစံမှာကိုယ်လုံးကိုယ်ပေါက်
ခပ်လှလှနှင့် ဟိတ်ဟန်ရှိသည့် ရုပ်ရည်မျိုးဖြစ်သည်။ဝတ်ဆင်ထားသည့် နားမှစိန်နားကပ်နှင့် လည်ပင်းပေါ်မှ စိန်လည်ဆွဲက တဖျတ်ဖျတ်။မျက်နှာပေါ်မှာ အရေးအကြောင်း တစ်ခုလေးတောင်မရှိဘဲ တင်းရင်းနေကာ တော်တော်ကို လှသည့်အမျိုးသမီးဖြစ်သည်။မျက်တောင်ကော့ကော့လေးနှင့် နှာခေါင်းလုံးလုံးလေးကတော့ ချစ်ရသူဆီ အမွှေပေးအပ်ထားတာ။ဒါကြောင့်မို့ အမေတူသားလေးက အပြစ်ဆိုစရာမရှိအောင် ချောလွန်းနေတာပါ။

သို့သော် မတူသည်က သူမ၏ မျက်နှာပေါ်က
အပြုံးတစ်ခု။နူးညံ့စွာ ပြုံးတတ်သည့် ကောင်လေးနှင့် လားလားမှမဆိုင်။ဖော်ဖော်ရွေရွေ နှုတ်ဆက်သော်လည်း ရင်ထဲမှာခဲဆွဲခံထားရသလို လေးလံနေမိတာ။မေမေ့လို
အပြုံးအေးအေးလေးမျိုးမဟုတ်ဘဲ ခက်ထန်
သည့်အပြုံးတစ်ခုလို့ ခံစားနေရတာ သိပ်ကိုလှသည့် မျက်နှာကြောင့်လား။

Hotpotအိုးအငွေ့၏ ရန်ရှာမှုလား၊လွန်း အမေကြောင့်လားပင်မသိတော့။ထိုင်နေရင်းမှာပင် မာန် ဇောချွေးများပျံလာသည်။

"သား စားချင်တာထပ်မှာနော် အန်တီဧည့်ခံတာ"

"ဟုတ် ကျေးဇူးတင်ပါတယ် အန်တီ....ကျွန်တော်ဝပြီဗျ"

"ကောင်းပြီ ဒါဆို အန်တီတို့ စကားပြောကြတာပေါ့"

"ဟုတ်ကဲ့"

ဒေါ်လွန်းထိပ်ထားက hotpot အိုးကိုပိတ်လိုက်ပြီး မာန့်ကို သေချာစိုက်ကြည့်ကာ စကားဆိုလာ၏။

"အခုသားကဆယ်တန်း..ဖြေထားတာနော်"

"ဟုတ်"

သူ(မ)ခေါင်းတစ်ချက်ညိတ်ကာ စကားဆက်သည်။

သူဖန်ဆင်းတဲ့ လွန်းအိမ်ငယ် ( Completed )Where stories live. Discover now