#For Unicode
"ကိုကို သွားမယ် "
မာန် ရိပ်ရိပ်လေးနဲ့ ဖုန်းပြောနေရင်း အသံကြား၍ လှည့်ကြည့်လိုက်တော့ လွန်း အပြင်သွားဖို့ အဝတ်အစားလဲပြီးကာ အဆင်သင့်ဖြစ်နေပြီဖြစ်သည်။သို့သော် လွန်း ပုံစံကိုကြည့်ရင်း မာန့် မျက်မှောင်ကြီး တဖြည်းဖြည်းကြုတ်လာ၏။
"ရိပ်ရိပ်လေး Daddyနောက်မှဖုန်းထပ်ဆက်မယ်နော်...ပါးပါး စောင့်နေလို့ byebye..."
ရိပ်ရိပ်လေးကို စကားလမ်းကြောင်းဖြတ်ကာ မာန် ဖုန်းချလိုက်သည်။ထို့နောက် အခန်းထဲ ပြန်ဝင်လာပြီး လွန်းကို အထက်အောက် စုံဆန်ကြည့်၏။
အနက်ရောင် အင်္ကျီအပျော့သားကို ဘောင်းဘီတိုအနီရဲလေးနှင့် ပေါ့ပါးစွာတွဲဝတ်ထားသည့် လွန်းက ဖြူဥနေသော ခြေသလုံးလေးတွေ အတိုင်းသားပေါ်နေသည်။ထို့အပြင် ဘောင်းဘီက ပေါင်လယ်ကျော်ကျော်ပဲရှိကာ တိုတိုလေး။နားတစ်ဖက်ထဲတွင်လည်း ဝတ်ထားသည့် စိန်နားကပ် သေးသေးလေးက တဖျတ်ဖျတ်လက်နေ၏။ဘယ်ချိန်ကတည်းက နားဖောက်ထားတယ်မသိ။ဆေးရုံသွားရင် နားကပ်မဝတ်တာမို့ မာန် အခုမှ မြင်ဖူးခြင်းဖြစ်သည်။
သဘောဝအတိုင်း နီထွေးနေသည့် နှုတ်ခမ်းလေးနှင့်၊အင်္ကျီအနက်ရောင်က ဖြူဥသော အသားအရည်ကို ဟပ်လျှက်၊ သွေးကြောစိမ်းများ၊ရှက်ပြေးနေသည့် မျက်နှာလေးက အရိုင်းဆန်သည့် ဘက်ကို သွားနေသည်။ကြည့်နေရင်း လူ့ပြည်မှာ နတ်သားလေးရှိတာကို မာန် လက်ခံရတော့မည်ထင်။
"ငယ် အဝတ်အစားသွားပြန်လဲ"
ထွက်လာသည့် ခပ်ဩဩအသံက အမိန့်ဆန်သည်။
"ဘာဖြစ်လို့လဲ...."
"ငယ့် အသားတွေ ပေါ်လွန်းနေတယ်.။.
ကိုကိုမကြိုက်ဘူး...သွား..အပေါ်က Hoddie ဝတ်ပြီး အောက်ကဘောင်းဘီရှည်လဲခဲ့...နောက်တစ်ခါ ဘောင်းဘီတို ဝတ်ဖို့ မစဉ်းစားနဲ့"လွန်း မျက်နှာလေး စူပုတ်သွားသည်။
"ကိုကို...ငယ်က မိန်းကလေးမဟုတ်ဘူးနော်၊
ဆေးရုံသွားရင်လဲ ဘောင်းဘီရှည်ကြီးပဲ ဝတ်နေရတာ..တစ်ခါတလေ ငယ်လဲ ပေ့ါပေါ့ပါးပါး ဝတ်ချင်တာပေါ့"