#For Unicode
"ခွီး...."
နှစ်ယောက်သား အလွမ်းသယ်လို့ပြီးမှာ မာန် ၊
လွန်းကို ဖက်ထားရာမှ ဖယ်ခွာပြီး သေချာကြည့်၍ ခွီးခနဲထရယ်တော့သည်။"ငယ် ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ပါဦး"
မာန် ပြုံးတုံးတုံးနှင့်ပြောမှ လွန်း ကိုယ့်ကိုယ်ကိုယ်
ပြန်ကြည့်မိသည်။ဆေးရုံမှာ noraနှင့်စကားပြောပြီး၊မာန့်ကိုတွေ့ချင်ဇောနှင့် ပြေးလာသည်မှာ duty ကုတ် ချွတ်ဖို့ မေ့နေခဲ့ခြင်းဖြစ်၏။ဒါ့ကြောင့်မို့ လေဆိပ်ထဲကသူတွေအားလုံး လွန်းကို ကွက်ကြည့်ကွက်ကြည့်လုပ်နေကြတာ။လွန်း မျက်နှာတစ်ခုလုံး ထူပူသွားပြီး ပါးလေးနှစ်ဖက် ရဲတက်သွားသည်။ချက်ချင်းဆိုသလို ဝတ်ထားသည့် ဂျူတီကုတ်ကို ပျာပျာသလဲ ချွတ်၍
"ပြန်မယ် ပြန်မယ် ဒီမှာဆက်မနေချင်တော့ဘူး"
မာန့် လက်ကိုဆွဲကာပြန်မယ်လုပ်၏။
လွန်း မျက်နှာလေးမှာ ငိုထားရ၍ မျက်လုံးတွေအစ်နေပြီး နှာခေါင်းထိပ်လေးနီရဲနေသည်။မာန် သဘောကျရသည့် ပါးပြင်ထက်မှသွေးကြောစိမ်းလေးတွေက ရှက်ပြေးလျက်။အရင်ထက်ထူးခြားလာသည်က မျက်တောင်လေးတွေ ပိုရှည်လာသည်။နှုတ်ခမ်းလေးက ဆိုးဆေးအကူအညီမလိုဘဲ ရဲရဲကလေးဖြစ်နေ၏။ခပ်အုပ်အုပ်ဆံပင်လေးတွေကတော့ အရင်လိုနဖူးပေါ်ကျမနေဘဲ အပေါ်ကို သပ်တင်ထားသည်။အားလုံးခြုံပြောရရင် ပုံမှန်ထက် သိပ်ကိုကြည့်ကောင်းလာ၏။
မာန်က ဘာမှမပြောသေးဘဲ လွန်း၏ အစိတ်အပိုင်း တစ်ခုချင်းဆီကို ပြုံးကာကြည့်နေသည်။
"လူမြင်ကွင်းမှာ အရမ်းချစ်ဖို့ကောင်းအောင်လုပ်မနေနဲ့ ငယ်၊ကိုကို ဒီနေရာမှာ တစ်ခုခုမလုပ်မိဖို့ အာမမခံနိုင်တော့ဘူး...."
ထိုအခါ လွန်းက စူပုတ်ပုတ်လေးကြည့်လာပြီး
မာန့်ကို မျက်စောင်းတစ်ချက်လှမ်းထိုးသည်။"ဟား ဟား..."
လွန်း ဆံပင်လေးကို ဆွဲဖွကာ မာန်သဘောတကျရယ်၏။ဒီကောင်လေးချောလာပုံနဲ့ မိမိမှာ ထားစရာနေရာမရှိအောင် ဖြစ်လေတော့မည်။ဂျစ်ကန်ကန်နေတဲ့ ပုံလေးကတော့ အရင်တိုင်း မပြောင်းလဲသေး။