အပိုင်း(၅၁)

40.7K 3K 310
                                    

#For unicode

KTV ခန်းထဲတွင် သီချင်းသံများနှင့် ဆူညံလျက်ရှိသည်။အာကာ ရောက်ကတည်းက မိုက်ကိုင်ကာအပီအပြင် ဟဲနေသည်မှာ တစ်ချက်မှ မနားသေး။မင်းခန့်သူကတော့ ဘယ်သူနဲ့မှ စကားမပြောနိုင်ဘဲ၊ အာကာ အမူးသမားလေးကို လိုက်ထိန်းနေရသည်။

"ကျွန်တော် ပြန်လိုက်ပို့ပေးမှာမလို့ သောက်ချင်ရင်သောက်နော်"

Krisကလည်း ခိုင့် ဘေးနားတွင် အဖော်ပြုပေးနေ၏။

"ခိုင် နည်းနည်းတော့ သောက်လေကွာ..ငါ့တပည့်က စိတ်ချရပါတယ်ဟ နင့်ကို အိမ်ရောက်အောင်လိုက်ပို့ပေးမှာပါ"

မာန် ရယ်ကျဲကျဲ လှမ်းစတော့ ခိုင် မျက်စောင်းလေးထိုးပြီး ရှက်စိတ်ကြောင့် မျက်နှာလေးရဲနေသည်။အခုမှ သူငယ်ချင်းဖြစ်သူနှင့် မာန် အေးဆေး တွေ့ရတာပင်။
ခိုင်က အရင်ထက်ပိုတည်ငြိမ်ကာ စကားနည်းလာသည်။ကိုယ်လုံးကိုယ်ပေါက်က အရင်ကတည်းက လှသည်မို့ ဆံပင်ရှည်ကြီးက တင်ပါးကျော်ကာ အပျိုမကြီးပုံစံ ဖြစ်နေပြီ။

"ခိုင်က အစကတည်းက အရက်ပြင်းတွေ မသောက်နိုင်လို့ပါ"

"အေးပါ ဝိုင်လောက်တော့ သောက်နိုင်တယ်မလား ရော့..."

မာန် ဝိုင်ခွက်ယူပြီး ခိုင့်ကို ကမ်းပေးလိုက်သည်။ဘေးမှာ ရှိတဲ့ တစ်ယောက်သောသူကိုလဲ ကြည့်ရသေး၏။မိမိ တစ်ယောက်လုံးရှိတာကို အာကာနဲ့ နှစ်ယောက်ပေါင်းပြီး သောက်နေသည်မှာ မပြောမချင်း ရပ်မည့်ပုံမပေါ်။ဒီနေ့လည်း club ကို မပြောမဆိုနဲ့ရောက်သွားတဲ့ လူဆိုးလေးက ကိုယ်သာလိုက်သွားရင် ဘယ်လောက်တောင် သောင်းကျန်းနေမယ်မှန်းမသိ။

အာကာက ဆူမဲ့လူမရှိလို့ ထားပါ။လွန်းငယ်လေးကတော့ ပြောသင့်နေပြီ မဟုတ်လား...။

"ငယ်...‌သောက်တာ ရပ်သင့်ပြီ ..."

လွန်း ခါးကိုဖက်တွယ်ကာဆိုတော့ သူ မဟုတ်သည့်အတိုင်း အရက်ခွက်ကိုချကာ ပြုံးလျက်ပင် မာန့် ရင်ခွင်ထဲ တိုးဝင်လာသည်။အခုဆို မာန်က မဆူရသေး လွန်းငယ်လေးက အညှာသိစွာ ချွဲတတ်နေပြီ။ဘေးမှာရှိသည့် တစ်ခြားသူတွေကိုလည်း ယမကာလေး ဝင်ထားရင် သူ ရှက်ဖို့သတိမရတော့ပါ။မင်းခန့်သူကတော့ သူ့ကိုဝိုင်ခွက်နှင့် ရိုက်ဖူးသည့်လွန်းက နောက်တစ်ယောက်လို ပြောင်းသွားသည့်အဖြစ်ကို အံ့ဩမဆုံး ကြည့်နေတော့သည်။

သူဖန်ဆင်းတဲ့ လွန်းအိမ်ငယ် ( Completed )Where stories live. Discover now