Extra-2

26K 2.3K 162
                                    

#For Unicode

မာန်တို့ နှစ်ယောက် ပြဿနာတက်ပြီး
ဘယ်သူ့ဘက်ကမှ စကားစ မပြောဖြစ်ကြ။
လွန်းကလည်း အောက်ထပ်တွင် တော်တော်ကြာမှ အပေါ်ထပ်ကို တက်လာသည်။မျက်နှာက
တော်တော်တော့ မကောင်း။အခန်းထဲရောက်
သည်နှင့် ရေချိုးခန်းထဲကို တန်းဝင်သွားသည်။

မာန်ကတော့ စိတ်ဆိုးနေပေမယ့် အောက်ထပ်ဆင်းကာ လွန်းအတွက် ညစာစားဖို့တော့ ပြင်ထားပေးနေ၏။သို့ပေသိ အရင်လို လက်ဆုံမစားဖြစ်တော့။ကိုယ်တိုင်လည်း ထမင်းစားချင်စိတ်မရှိ၍ လွန်း အတွက်သာ လုပ်ပေးဖြစ်သည်။

လွန်း ရေချိုးပြီး ပြန်ဆင်းလာတော့ ထုံးစံအတိုင်း
ထမင်းခူးပေးကာ ဘာတစ်ခွန်းမှ မပြောဘဲ အပေါ်ထပ်သို့ ပြန်တက်လာခဲ့သည်။မျက်နှာချင်းမဆိုင်သည့် အခြေအနေတွင် လွန်းကမျက်နှာငယ်နှင့် ကျန်နေခဲ့၏။

မာန်က ထမင်းမစားသလို လွန်း ထမင်းပန်းကန်သည်လည်း အရာမယွင်းပါ။လွန်းတို့ နှစ်ယောက်ကြား လေထုက ပိုပြီးအေးစက်လို့လာသည်။အရင်ဆို လွန်း စိတ်ဆိုးရင် မာန့် ဘက်ကခဏလေးအတွင်း ပြန်ချော့နေကြပင်။အခုမှ စကားတစ်ခွန်းစမပြောတာမို့ လွန်း စိတ်ထဲလွန်စွာ ဝမ်းနည်းလာရသည်။

အိမ်ထောင်သက် ခြောက်လအတွင်း ပထမဆုံး
အကြိမ် ပြဿနာတက်ဖူးခြင်းဖြစ်၏။

လွန်း စားချင်စိတ်မရှိတော့သည့် ထမင်းပန်းကန်ကို အရာမယွင်းသည့်အတိုင်းသွန်ကာ အပေါ်သို့ ပြန်တက်လာခဲ့သည်။မာန့်ကိုကြည့်လိုက်တော့ laptop တစ်လုံးနှင့် အလုပ်ရှုပ်နေ၏။နှုတ်ခမ်းကို တင်းတင်းစိကာ မျက်မှောင်တွေ တွန့်ချိုးထားတာမို့ စိတ်ဆိုးမပြေသေးမှန်း သိသာ‌သည်။

"ကိုကို....!!!"

လွန်း ခေါ်လိုက်သော်လည်း လှည့်မကြည့်ပါ။ဒီကိစ္စမှာ လွန်း လွန်မှန်း သိပါသည်။သို့ပေမယ့် အပြည့်မဝတော့မဟုတ်။မာန်လဲ မှားသည်။လွန်းကို မခွဲနိုင်မှန်းသိသော်လည်း ဘယ်သူကရော ခွဲချင်မှာတဲ့လဲ။အပျော် အပါး မဟုတ်သည့် ကိစ္စကို နားလည်‌ပေးသင့်သည် မဟုတ်လား...။

တွေးလေ ပိုဝမ်းနည်းလေဖြစ်လာ၍ ဘာ့မှဆက်မပြော‌ဖြစ်တော့။ကုတင်ပေါ်သို့တက်ကာ မာန့်ကို ကျောပေးပြီး လှဲအိပ်လိုက်သည်။နေနိုင်သည့်လူက နေနိုင်တော့ လွန်းလည်း ခေါ်စရာအကြောင်းမရှိ။

သူဖန်ဆင်းတဲ့ လွန်းအိမ်ငယ် ( Completed )Où les histoires vivent. Découvrez maintenant