အပိုင်း (၃၉)

43.2K 3.6K 226
                                    

#For Unicode

ဆေးရုံမှထွက်လာသည့် လမ်းတစ်လျှောက်
လွန်း ကားပေါ်တွင် စိတ်လှုပ်ရှားနေမှုကြောင့်
စီယာတိုင် ကိုင်ထားသည့် လက်တွင် ချွေးစေးများ ထွက်နေသည်။လက်ဖျားများသာမက တစ်ကိုယ်လုံး ရေခဲတော့မည့်အလား အေးစက်နေခဲ့သည်။

Noraပြောခဲ့သည့်စကားများကို ကြားယောင်ရင်း ရင်ထဲတွင် ခံစားချက်များ ပေါင်းဆုံကာ ဂနာမငြိမ်ဖြစ်နေ၏။

"ငယ် ညဘက်ကြီး ခေါင်းလျှော်နေတာလား
ဖျားတော့မှာပဲကွာ.. "

မာန် စိတ်ပူပြီးပြောခဲ့ဖူးသော ဆူပူသံများက နားထဲတွင် ပဲ့တင့်ထပ်နေသလို။

"ကိုကိုကလွဲပြီး ဘယ်သူ့ကိုမှ နမ်းစရာမလိုဘူး"

ကလေးတစ်ယောက်နဲ့တောင်သဝန်တိုတတ်သော
မာန့် ပုံရိပ်တွေဟာ လွန်း အတွေးတွေထဲ တရိပ်ရိပ်။

လွန်း လီဗာကို ဖိနင်းကာ အရှိန်တင်လိုက်သည်။
စီယာတိုင်ကိုတင်းကျပ်စွာ စုပ်ကိုင်ထားသည့် လက်များလည်း ထုံကျဥ်နေပြီဖြစ်၏။

"ငါ မင်းကို သေလောက်အောင် မုန်းတယ်"

မနေ့ညက လွန်း အထင်လွဲပြီး ပြောခဲ့သည့်စကားကို ပြန်အမှတ်ရလာသည်။

"ဟင့်အင်း...မဟုတ်ဘူး ငယ်မှားပါတယ်...
ငယ်မှားပါတယ်"

နောင်တများနှင့်အတူ မာန် ထွက်သွားမှာကိုတွေးရင်း ချောက်ချားလာသည်။လွန်ခဲ့သော ကိုးနှစ်ကလိုမျိုး လွန်း သွေးပျက်ချင်လာသည်။

"ကိုကို!!! ငယ်...ငယ့်ကို ထပ်ပြီး ထားမသွားပါနဲ့....ဒီတစ်ခါ ကိုကို ထားသွားရင် ငယ် သွက်သွက်ခါအောင်ရူးသွားလိမ့်မယ်"

လွန်း သွေးရူးသွေးတန်း ရေရွတ်ရင်း၊အန္တရာယ်ကိုပင် သတိမပြုနိုင်တော့။Yangon International Airpot ဟုတွေ့သည်နှင့် လေဆိပ်ထဲကို အရှိန်နှင့် ကွေ့ဝင်ကာ
ကားပါကင် ရောက်မှဘရိတ်ကိုစောင့်အုပ်လိုက်သည်။

ကျွီ!!!!!!!

ကျွီခနဲ ရပ်သွားသော ကားသံနှင့်အတူ
ကားပေါ်မှ ကမူးရူးတိုးပြေးဆင်းပြီး ပြည်ပထွက်ခွာ အပေါက်သို့ အသားကုန် ပြေးထွက်ခဲ့သည်။

သူဖန်ဆင်းတဲ့ လွန်းအိမ်ငယ် ( Completed )Where stories live. Discover now