Thingyan extra-2

19.1K 1.1K 75
                                    

#For Unicode

"ဟိုအစ်ကိုကြီး ငယ်ငယ်တုန်းက -င်ပြောင်ကြီး
-င်ပြောင်ကြီး"

ကလေးအုပ်စုသောင်းကျန်းနေသည့် အုန်းလက်
မဏ္ဍပ်က သင်္ကြန်ကားလာသည်ကိုမြင်တာနှင်​့
ကားရှေ့တွင် အကျိတ်အနယ် တားပါတော့သည်။အကုန်လုံးက ခွက်စောင်းခုတ်မည့် ဒီဇိုင်းတွေပဲမို​့ မာန် လွန်းကိုရင်ခွင်ထဲထည့်ထားကာ ကျောဖြင့်ကာပေးလိုက်၏။

"အာ့...အေဘေးလေးတွေ သေပါပြီ"

အာကာ့၏ ဆဲဆိုသံနှင့် လက်ခလယ်က ရေသံကြားတစ်ပြိုင်တည်း ထွက်လာသည်။မင်းခန့်သူက အာကာ့ကို နည်းနည်းလေးမှ မကာပေး။

"ဟိုညီလေး ငယ်ငယ်တုန်းက တန်းလန်းလေး တန်းလန်းလေး"

ကလေးတွေကို သူတပြန် ကိုယ်တပြန်စပြီး တဟားဟားရယ်နေလိုက်သေးသည်။ဖောင်းခနဲ နားရင်း ရိုက်ချက်ကိုရလိုက်မှ မင်းခန့်သူ စပ်ဖြီးဖြီးနှင့် အာကာ့ကို ရင်ခွင်ထဲဆွဲထည့်၏။ဟိုအတွဲကတော့ နှစ်ယောက်တည်း တစ်ကမ္ဘာ။ကိုစစ်၏ ခုန်ပေါက်နေမှုကြောင့် သင်္ကြန့်ကားဟာ တလှုပ်လှုပ်ခါနေသည်။အခုမှ စထွက်ခါစမို့ ကိုစစ်ရင်ခွင်ထဲကောင်မလေးက မရောက်သေး။သို့သော်ငြား မားမားမတ်မတ် ကာပေးသည့် အဆင့်တော့ ဖြစ်နေချေပြီ။

"ခိုင့် အိမ်ကိုမောင်း..အပျိုကြီးပါခေါ်မယ်"

မာန်က ဘော်ကာကို တမြေ့မြေ့သောက်ရင်း အာကာ့ကို လှမ်းပြောလိုက်သည်။ကားမောင်းလိုက်လျှင် လေတဖြူးဖြူး တိုက်နေတာမို့ ဘော်ကာဇာတိက တရိပ်ရိပ်တော့ တက်နေပြီဖြစ်၏။

တီ....တီ...တီ......

ကားဟွန်းတီးသံကြောင့် ခိုင့် အမေကထွက်ကြည့်ကာ မာန်တို့ကို မြင်တာနှင့် လက်ပြပြီး အိမ်ထဲသို့ပြန်ဝင်သွားသည်။ခဏအကြာတွင် ထွက်လာသော ခိုင့်ကို မြင်ကာ အာကာ ခွီးခနဲ ရယ်မိတော့၏။

"ဂိတ်ဆုံးပြီ သားကြီးရေ..."

မာန် ရွှတ်နောက်နောက် ပြောသည်။
ယောဂီဝတ်နှင့် ခိုင့်က မိတ်ကပ်မလိမ်းခြယ်ထားတာတောင် မျက်နှာလေးမှာ ပျိုမြစ်နုစင်နေပါ၏။တင်ပါးထိ ရှည်လျားနေသော ဆံနွယ်လေးတွေကို အနက်ရောင် ခေါင်းစည်းကြိုးလေးနှင့် စည်းနှောင်ထားသည်မှာ ရိုးရှင်းစွာ။

သူဖန်ဆင်းတဲ့ လွန်းအိမ်ငယ် ( Completed )Où les histoires vivent. Découvrez maintenant