အပိုင်း(၅၅.၀)

41.7K 2.4K 113
                                    

#For Unicode

AN / အသက် ၁၈ နှစ် မပြည့်ရင် မဖတ်ဖို့ သတိ ပေးပါတယ်နော် 😅😅

Only warning မလို့ အမှောင်မကြိုက်သူများ
လဲကျော်သွားလို့ ရပါတယ်...

...............

မာန် အပေါ်ထပ်သို့တက်လာပြီး အိပ်ခန်းတံခါးကို
ဆွဲဖွင့်လိုက်ချိန် တစ်ခန်းလုံးမှောင်မဲနေကာ
ညအိပ်မီးလေးသာ ထွန်းထားသည်။ကုတင်ပေါ်သို့ လှမ်းကြည့်လိုက်တော့ လွန်းက စောင်လေးခြုံကာ အိပ်နေ‌လေပြီ။

"ငယ်က ညကိုးနာရီပဲရှိသေးတာကို..အစောကြီးအိပ်နေပြီလား"

မာန် တီးတိုးပြောရင်း ခြေသံဖွဖွ‌နင်းကာ အခန်းထဲသို့ ဝင်လာပြီး အဝတ်အစားလဲဖို့ အရင်လုပ်ရ‌တော့သည်။ကုတင်ပေါ်တွင် အဆင်သင့်တင်ထားပေးသော ညဝတ်အင်္ကျီလေးကိုမြင်တော့ မာန် ပြုံးရပြန်၏။

ထို့နောက် ရေချိုးခန်းထဲဝင်ကာ ရေမိုးချိုး၊အဝတ်အစားလဲပြီး လွန်း ခြုံထားသည့် စောင်ကို အသာလေးမကာ လွန်း ဘေးနားသို့ ဖြည်းဖြည်းလေး ဝင်အိပ်လိုက်သည်။မျက်လုံးလေး မှိတ်ကာ အိပ်‌နေသော လွန်းက မာန်နှင့် ဆင်တူညဝတ်အင်္ကျီကျောက်စိမ်းရောင်လေးကို ဝတ်ထားပြီး၊အပေါ်ကြယ်သီးနှစ်လုံး မတပ်ထား၍ ဝင်းမွတ်နေသော လည်ပင်းသားလေးကို အထင်းသား မြင်နေရ၏။မာန် ဘေးတစ်စောင်းလေးလှဲကာ လွန်းကို ကြည့်နေရင်း မာန့် လက်ညှိုးကတဖြည်းဖြည်း လွန်း မျက်တောင်လေးတွေမှတစ်ဆင့် နှာခေါင်းလုံးလုံးလေး
နှင့် နှုတ်ခမ်းလေးကိုတို့ထိကာ ပြုံးနေမိ‌တော့၏။

မနေနိုင်စွာ လွန်း မျက်နှာနားသို့ တိုးကပ်ရင်း
မျက်လုံးလေးမှိတ်လျက် လွန်း နှုတ်ခမ်းလေးကို ဖြည်းညင်းစွာ စုပ်ယူလိုက်မိသည်။

"အင်း...ကိုကို"

လွန်း နိုးမှာဆိုး၍ ဖွဖွလေး နမ်းကာမှ လွန်းက ဝိုးတဝါး အသံလေးနှင့် မျက်လုံးလေးပွတ်ကာ မာန့်ကို ကြည့်လာသည်။

"အာ sorry sorry ငယ်...ကိုကိုနမ်းလိုက်လို့နိုးသွားတာလား...ပြန်အိပ်ပြန်အိပ် ငယ် တစ်ညနေလုံး ဧည့်ခံထားရတာ ပင်ပန်းနေရောပေါ့"

သူဖန်ဆင်းတဲ့ လွန်းအိမ်ငယ် ( Completed )Donde viven las historias. Descúbrelo ahora