Poe loon Aein's dairy part(3)

21K 2.2K 120
                                    

#For Unicode

ကျွန်တော် မာန့်အကြောင်းကို Dairy မရေးဖြစ်တာ ကြာပြီ။စာမေးပွဲ‌တွေဖြေနေရလို့ မချိန်မပေးနိုင်ခဲ့ဘူး။..ဒါပေမဲ့ ဒီနေ့တော့ အပျော်လွန်ပြီး
လာရေးတာ။

ဒီရက်ပိုင်း မာန်နဲ့ ဆက်ဆံရေးက တော်တော် အဆင်ပြေတယ်လို့ပြောရမယ်။အင်း...ပျော်နေတယ်ဆိုတာလည်း အဲတာပါပဲ...။

မာန်က ကျွန်တော့်ကို အရင်ထက် ပို ဂရုစိုက်လာတယ် လေ။ပြီးတော့ မာန် ဒီနေ့ပြောတာ စာမေးပွဲပြီးရင်  ခရီးသွားမယ်တဲ့။

ကျွန်တော် အရမ်းကိုပျော်သွားခဲ့တာ၊မာန်နဲ့ ‌
စာမေးပွဲပြီးရင် ထပ်မတွေရတော့ဘူးဆိုပြီး စိတ်ညစ်နေခဲ့တာကြာပါပြီ။မတွေ့ရဘူးဆိုပေမယ့် ကျွန်တော်
တွေ့ရအောင်လုပ်မယ်လို့ တွေးရင်းပေါ့။

သို့သော်ငြား အခု  မာန်ကိုယ်တိုင်ကခရီးသွားမယ်ဆိုတော့ မာန်နဲ့ 24 နာရီ လုံးလုံး တူတူရှိနေတော့မှာ။ကျွန်တော် ခရီးသွားချင်နေပြီ။ကျွန်တော့်ရဲ့ ပျော်ရွှင်မှုက
မာန်နဲ့ပဲ တိုက်ရိုက် တိုက်ဆိုင်နေတယ်။

ကျွန်တော်  ပျော်တယ်ဆိုတဲ့ နောက်အကြောင်း တစ်ခုလဲ ရှိပါသေးတယ်။

ဒီနေ့ မာန့်ရှေ့မှာ မေရတီက ကျွန်တော့်ကို စာလာပေးတယ်...တော်တော်ကို ရဲတင်းတဲ့မိန်းကလေးပဲ။
လူတွေ အများကြီးရှေ့မှာလာပေးတော့၊ ကျွန်တော် မယူဘူးလို့ပြောလိုက်ရင်လည်း သူအရှက်ကွဲမှာလေ။မိန်းကလေး သိက္ခာရှိလို့ ကျွန်တော် စာကို ထားခဲ့လို့ ပြောလိုက်မိတယ်။

အဲမှာ ပဲပြဿနာ ကစတာ၊ကျွန်တော်က ဒီတိုင်းပြောလိုက်ပေမယ့် ပြုံးရွှင်ပြီး စကားပြောနေတဲ့ မာန့် မျက်နှာက ချက်ချင်း သိသိသာသာ ပျက်သွားတယ်။ ကျွန်တော် သေချာကို သတိထားမိလိုက်တာ။

ဘာလို့လဲ မေရတီစာလာပေးလို့လား??

မဖြစ်နိုင်ပါဘူး...မာန်က သူ့ကိုယ်ကိုတောင်
ဘာဖြစ်နေမှန်း‌မှမသိတာ..။

ဒါဆို မာန်က ဘာလို့ မျက်နှာပျက်‌နေရတာလဲ??

မေရတီကြောင့်ဆိုရင် ကျွန်တော် သူ(မ)ကို
ခွင့်လွှတ်မှာ မဟုတ်ဘူး။ကျွန်တော် အတည်ပြုမှ ဖြစ်မယ်လေ။ကျွန်တော် စဉ်းစားတယ်။မာန့်ကိုဒဲ့မေးလို့မှ
မရတာ..။

သူဖန်ဆင်းတဲ့ လွန်းအိမ်ငယ် ( Completed )Où les histoires vivent. Découvrez maintenant