Extra-7 (End)

44.4K 2.8K 420
                                    

#For Unicode

လွန်း၏တောင်းဆိုမှုအရ အဖွားကိုရည်စူးပြီး
ရွာလုံးကျွတ် အလှူလုပ်ဖို့အတွက် ကိစ္စတစ်ရပ်ဖြစ်လာခဲ့သည်။ဒီနေ့နဲ့ဆို မာန် ရွာကိုရောက်တာသုံးရက်မြောက်သည့်နေ့။ကုမ္ပဏီကို ပစ်ထားလို့ မရသည်ကတစ်ကြောင်း၊လွန်း ဆေးမှာခွင့်ရက်မရတော့သည့် ကိစ္စကြောင့်ပါ အလှူလုပ်ဖို့ရက်ကို ကမန်းကတန်း စီစဥ်လိုက်ရသည်။

မာန် ရွာရောက်သည့်နေမှာပင် အန်တီကြီးနှင့်တိုင်ပင်ကာအလှူအတွက် လိုအပ်သည့် ပစ္စည်းတွေကို မကွေးမြို့ပေါ်သို့ သွားဝယ်ရ၏။အန်တီကြီးက မာန်တို့နှစ်ယောက် ပတ်သက်မှုကို တွေ့တွေ့ချင်း အစိမ်းသက်သက် ဖြစ်နေသော်လည်း မာန့်၏စကားတတ်မှုကြောင့်၊အခုဆို
အန်တီကြီးနှင့်ပါရင်းနှီးပြီးရွှေဖူးစာဟုပင် စလိုက်သေးသည်။ဦးကလည်း ဘာမှ မပြောပါ။'ငါက လူအေးကြီး..မင်းတို့ကို လိုက်မမှီပါဘူးကွာ' ဟူ၍သာ မသိသလိုလေး နေပေးသည်။

သို့ပေမယ့်လည်း အခုဆို မာန့် ရဲ့ အကဲပိုမှုကို တစ်ရွာလုံးက သိနေပြီဖြစ်၏။ဖြစ်ပုံကတော့ အလှူအတွက် လိုအပ်တာတွေ သွားဝယ်ဖို့ ရွာကကူလုပ်ပေးမည့် အန်တီကြီးတွေကို မာန် မြို့ပေါ်သို့ခေါ်သွားရာက စသည်။လွန်းကိုတော့ နေပူမှာဆိုးလို့ဟုပြောကာ အိမ်မှာပဲ ထားခဲ့၏။သူတစ်ယောက်တည်း အန်တီကြီးတွေ တစ်သိုက်နှင့် ထွက်သွားပြီး မွှေချင်တိုင်း မွှေလာခဲ့ခြင်းပင်။

တွေ့သမျှအစားအသောက်တွေကို ငယ့်အတွက်၊
ငယ့်အတွက်ဟုဆိုကာ ပါးစပ်ဖျားကမချဘဲ
အကုန်လိုက်ဝယ်သည်။အဲတာနှင့် မပြီးသေး။
သုံးလလောက် သစ်သားကုတင်မှာ ဖျာနှင့်အိပ်ခဲ့ရတဲ့ လွန်းက ဘာ့မှမဖြစ်ရ။သူရောက်လာမှ
ငယ့် ကျောနာမှာဆိုးလို့ဆိုသည့် စကားနှင့် တစ်နေကုန် မွေ့ရာ မရ၊မချင်း လိုက်ပတ်ဝယ်သည်။

အလှူအတွက် အသား၊ငါး ဝယ်ဖို့လိုက်လာ
သည့် သူများပင် စျေးသွားရတာ မပင်ပန်းဘဲ
မာန့် ‌နောက်လိုက်မှ ခြေကုန်လက်ပန်းကြရတဲ့အဖြစ်။သို့သော် ညှင်းသိုးသိုး ဆံပင်ကို ညှက်ပြီး၊ မုတ်ဆိတ်မွှေးရိတ်လိုက်တော့ ရှင်းသန့်သွားသည့် မျက်နှာနှင့် စကားချိုချိုပြောတတ်သည့် မာန့်ကို လူကြီးတွေက မချစ်ပဲ မနေနိုင်ကြ။သူ့ ဖုန်းထဲက လွန်းနဲ့ wedding မှာတွဲရိုက်ထားသည့်  ဓာတ်ပုံတွေကိုလည်း အကုန်လုံးကိုလိုက်
ပြကာ ပိုင်ဆိုင်ကြောင်း ကြွားလာလိုက်သေးသည်။

သူဖန်ဆင်းတဲ့ လွန်းအိမ်ငယ် ( Completed )Where stories live. Discover now