#For Unicode
ထုံးစံအတိုင်း ပိုးလွန်းအိမ် lollipop တစ်လုံးစုပ်ကာ ကားပေါ်မှ ဆင်းလာခဲ့သည်။ဆယ်တန်းကျောင်းသားတွေ ကျူရှင်လွှတ်ချိန်နဲ့ တည့်တည့်တိုးတော့၏။အုပ်စုလိုက် ဆင်းလာကြတာမို့ လှေကားပေါ် မတက်သေးဘဲ ဘေးကပ်ပေးလိုက်သည်။
"ပိုးလုံး ရောက်နေတာကြာပြီလား "
နောက်က လှမ်းခေါ်တဲ့ အသံကြောင့် လှည့်ကြည့်မိတော့ အာကာတစ်ယောက် မာမား ခေါက်ဆွဲထုတ်ကို စားရင်း ပြုံးစိစိနှင့်လျှောက်လာ၏။ထူးထူးစမ်းစမ်း ကျူရှင်ကို စောရောက်လာတာဖြစ်သည်။
"အင်း အခုပဲရောက်တာ ... "
"မင်း မျက်နှာကလဲကွာ သက်သာရဲ့လား...
ကြည့်ရတာ စိတ်မချမ်းသာဘူး"နှုတ်ခမ်းထောင့်စွန်းက ဒဏ်ရာသေးသေးလေးကို ကြည့်ပြီး အာကာ မျက်စိပျက်၊မျက်နှာပျက်နှင့် ပြော၏။
"ဟား..ဒီလောက်ကတော့ အေးဆေးပါ..ယောက်ျားပါကွ"
ထိုအချိန် ကြားဖြတ်ဝင်လာတဲ့ အသံတစ်ခု။
"ဟယ် !! ငါ့မောင်က ဒီကျူရှင်မှာ တက်တာလား
မမတောင် မသိလိုက်ဘူး"လှေကား ပေါ်က ဆင်းလာတဲ့ အစ်မက အာကာ့ကို လှမ်းပြောလိုက်ခြင်းဖြစ်သည်။ထိုအစ်မကို
ရင်းရင်းနှီးနှီး တွေးဖူးသလိုပင်။စဉ်းစားနေရင်း
နောက်ကတစ်ယောက်ကို တွေ့လိုက်မှ ပိုးလွမ်းအိမ် သဘောပေါက်သွားသည်။ဟိုအချိုးမပြေဘေးမှာ အမြဲ တွေ့နေကြတစ်ယောက်ပဲ။ အခုလည်း သူက အစ်မဘေးမှာ ပါလာပြန်သည်။ကိုယ့်ကိုတွေ့တော့ ပြုံးပြလိုက်တာမို့ မသိသလို အကြည့်လွှဲပစ်လိုက်သည်။"ဟာ မမလည်းဒီမှာတက်တာလား..မေမေက ပြောတောင်မပြောဘူး.."
"အင်း ဒီတိုင်းမကြုံလို့နေပါမှာ"
အာကာက သူ့အစ်မကို ခေါင်းညိတ်ပြပြီး ပိုးလွန်းအိမ် ပခုံးကိုဆွဲဖက်လိုက်သည်။
"ပိုးလုံး ဒါငါ့အမ တစ်ဝမ်းကွဲ ခိုင်သဇင်ထွန်းတဲ့"
"မမဒါ သားအချစ်ဆုံးသူငယ်ချင်း
ပိုးလွန်းအိမ်...ကျွန်တော်ကတော့ ပိုးလုံးလို့ပဲခေါ်တယ်"