အပိုင်း (၁၄)

37.1K 3.6K 52
                                    

#For Unicode

မိုးအကုန် ဆောင်းအကူး ကာလဖြစ်သော်လည်း ရန်ကုန်ဆောင်းကမူ နွေရာသီနှင့်ထူးမခြားနားပေ။ပူပြင်းသော နေရောင်ခြည်ကကောင်းကင်ယံ တစ်ခွင်လုံး ထွန်းလင်းစွာ တောက်ပလို့နေသည်။ရာသီဥတု ပူပြင်းနေသည်မှာ စာသင်ခန်းရှိ ပန်ကာအောက်တွင် ထိုင်နေသော မာန်ပင်
နှဖူးထက် ချွေးများစို့နေ၏။

မာန်တို့ စာသင်ခန်းတွင် ကာယချိန်ဖြစ်တာကြောင့် အတန်းထဲ၌ ဆရာမ မရှိဘဲ စကားများသူကများ၊ ဆော့သူကဆော့နှင့် ဆူညံနေကြသည်။

"မာန်....ခိုင့်ကို ဒါလေးရှင်းပြလို့ရမလား"

နောက်က လှမ်းခေါ်လိုက်သော အသံ
ကြောင့် မာန်လှည့်ကြည့်လိုက်တော့ ခိုင်က
Physic စာအုပ်လေးကိုင်ကာ မာန့် အနားသို့
လျှောက်လာ၏။ဘေးတွင် ထိုင်နေသော
ဟိန်းသစ်ကလည်း ခိုင့်ကို ကြည့်နေသည်မှာ မျက်လုံးကျွတ်ကျ မတတ်။

"ရတယ်လေ ခိုင် နောက်ဆုံးတန်းသွားမယ် ဒီမှာ ထိုင်စရာ နေရာမရှိဘူး "

မာန် ကျောင်းစိမ်းပုဆိုးကို ပြင်ဝတ်ကာ ခိုင့်ကို ခေါ်ပြီး နောက်ဆုံးတန်းသို့ လျှောက်လာခဲ့သည်။ဟိန်းသစ်ကတော့ မာန့်ကို မကျေနပ်သလို မျက်စောင်းတခဲခဲနှင့်။ကျောင်းသား နှစ်ယောက် ကျောင်းမတက်၍ လွတ်နေသောခုံတွင် မာန်  ခိုင်နှင့်မျက်နှာချင်းဆိုင် ထိုင်လိုက်သည်။

"ပြော ဘယ်ပုဒ်စာလဲ"

"ဒီဟာလေ ဉာဏ်စမ်းမေးခွန်းဆိုပြီး တီချယ် ပေးထားတာ ခိုင် ဒီသုံးပုဒ် မတွက်တတ်လို့"

ခိုင့် ဆီက မေးခွန်းစာရွက်ကိုယူကာ မာန်
သေချာကြည့်လိုက်သည်။

"ဪ ဒါ ညကမှ မေမေ ရှင်းပြထားတဲ့ပုဒ်စာပဲ....ပေး ဘောပင် ငါတွက်ပြမယ်"

ခိုင့် လက်ထဲက ဘောပင်ကို ဆွဲယူပြီး
အကြမ်းစာအုပ်ပေါ်တွင် တစ်ဆင့်ချင်းစီ ချတွက်
တော့သည်။မာန်က စာကို စိတ်ဝင်တစား ရှင်းပြနေသော်လည်း ခိုင့် စိတ်က စာထဲတွင် အာရုံမရ။အနီးကပ်မြင်နေရသည့် မာန့် မျက်နှာကို ငေးနေမိသည်။ထူထဲသည့် မျက်ခုံးအောက်ကစူးရှသော မျက်ဝန်းတစ်စုံကို  ငေးကြည့်တိုင်း ခိုင် ရင်ထဲတလှပ်လှပ်။လေးထောင့်ကျသည့် မျက်နှာနှင့် အညိုဘက်သွားသောနှုတ်ခမ်းက ယောက်ျားပီသမှုကို ပံ့ပိုးနေသည်။

သူဖန်ဆင်းတဲ့ လွန်းအိမ်ငယ် ( Completed )Hikayelerin yaşadığı yer. Şimdi keşfedin