အပိုင်း (၂၄)

38.7K 3.5K 154
                                    

#For Unicode

ယနေ့ မာန်တို့ အားလုံး မာန့်အမေနှင့်အတူ မှော်ဘီမြို့ရှိ မိဘမဲ့ ဂေဟာသို့ ရောက်နေကြသည်။ယခင်က ချို့တဲ့သည့် မိဘမဲ့ဂေဟာလေးက ယခုဆိုလျှင် ဒေါ်ခင်ခင်နု၏ ထောက်ပံ့မှုကြောင့် ကလေးအယောက် တစ်ရာကျော်၏ နေထိုင်ရေးသာမက၊ စားရေးသောက်ရေးပါအဆင်ပြေလို့နေ၏။

ခြံဝင်းအကျယ်ထဲတွင် သစ်သားနှစ်ထပ်အိမ်လေးဆောက်ထားပြီး အပေါ်ထပ်တွင် ကလေးများ တန်းစီအိပ်သည့်နေရာဖြစ်ရာ ၊ အောက်ထပ်တွင်တော့ ထမင်းစားရန်နှင့် စာသင်ရန်အတွက် ခုံတန်းရှည်များ ချထားပေးသည်။

ယခုတော့ နေ့လည် ၁၁ နာရီ ကျော်နေပြီဖြစ်၍
ကလေးတွေကို ထမင်းကျွေးဖို့ ပြင်ဆင်နေကြသည်။ သစ်သား ခုံတန်းရှည်ပေါ်တွင် ကလေးအယောက်တစ်ရာကျော်အတွက် ပုံစံခွက်များဖြင့် ထမင်း၊ဟင်းများထည့်ပေးထားသည်မှာ စီစဉ်တကျ။ထိုနောက် ကလေးတွေအားလုံး အပေါ်ထပ်ကဆင်းလာပြီး ထမင်းစားဖို့ တန်းစီဝင်ထိုင်ကြတော့၏။အလှူရှင်ကို လက်အုပ်ချီကာ ဆုတောင်းပေးပြီးမှ ထမင်းစားသည့် အကျင့်လေးက ကြည်နူးဖွယ်ရာ။

"ကိုကို ဟိုကလေးလေးကို ကြည့်ဦးချစ်စရာလေး"

ပဲဟင်းအနှစ်နှင့်နယ်ထားသော ထမင်းကို
ပလုတ်ပလောင်းနှင့်အားရပါးစားနေသည့် ကလေးအား  လက်ညိုးထိုးပြကာ လွန်း သဘောတွေကျနေသည်။

"အင်း ချစ်စရာလေး.... ဒါပေမဲ့ ငယ့်လောက်တော့ မဟုတ်ဘူး"

မာန့် စကားကြောင့် လွန်း မျက်နှာလေး ပြုံးနေ၏။လွန်းက အခုမှပေါ့ပေါ့ပါးပါးနေလာတာ။အရင်လို ခပ်တည်တည်ကြီးမဟုတ်ဘဲ ပြောင်းလဲစပြုလာပြီ။

မာန့်အမေကတော့ ဂေဟာပိုင်ရှင်အမျိုးသမီးနှင့် စကားပြောနေ၍ မာန်တို့ နားတွင်ရှိမနေ။ခိုင်က ကလေးတွေကို ဟင်းလိုက်နွှင်ပေးပြီး၊ အာကာက
ပုဆိုးတိုတိုဝတ်ကာ ပုတက်တက်နှင့် ဟင်းချိုချိုင့်ဆွဲလျက် ဟိုပြေးလိုက်ဒီပြေးလိုက် ဟင်းရည်လိုက်ထည့် ပေးနေသည်။

"ကိုကြီး ထမင်းနည်းနည်းထည့်ပေးပါ"

ခပ်လှမ်းလှမ်းက ကလေးတစ်ယောက် မာန့်ကိုကြည့်ကာ လှမ်းအော်နေ၍ မာန် ထမင်းအစ်ယူပြီး ထိုကလေးဆီသွားဖို့ လုပ်ရတော့သည်။

သူဖန်ဆင်းတဲ့ လွန်းအိမ်ငယ် ( Completed )Where stories live. Discover now