Thingyan Extra -1

15.5K 1K 70
                                    

#Unicode

🎶ရွဲစိုအောင် ပက်လိုက်တော့လေ မောင်မောင်ရေ..ရွဲစိုအောင် ပက်လိုက်တော့ ချမ်းပါတယ်
ခင်ဗျာ့....ရေရေတွေ ရွဲကုန်ပြီ...🎶🎶🎶

ကလေးများရေဆော့ကစားနေသည့် မဏ္ဍပ်တွင် ဖွင့်ထားသော သီချင်းသံက မာန်တို့နှစ်ယောက်အိပ်ခန်းထဲဝယ်ငွားငွားစွင့်စွင့် ကြားနေရပါ၏။ထိုသီချင်းသံကို နားထောင်ရင်း မကြာခင်ငိုတော့မည့် မျက်နှာနှင့်ကလေးတစ်ယောက်နှယ် ပြတင်းပေါက်ကိုငေးရင်း မှိုင်တွေစွာ ထိုင်နေသော ကလေးကြီးတစ်ယောက်လည်းရှိလေသည်။ဤသည်ကို ကြည့်ကာ လွန်းမှာ ခေါင်းတခါခါ။

အသက်ပဲ သုံးဆယ်နားကပ်တော့မယ် သင်္ကြန်မလည်ရလို​့ လွန်းကို စိတ်ဆိုးနေသည်တဲ့။ကိုကိုတစ်ယောက်ဟာ အသက်ကြီးလာလေ ထိန်းလို့မရလေ။

"ကိုကို တကယ်ကြီး..ငယ့်ကို စကားမပြောတော့ဘူးလား"

စိတ်ဆိုးနေသူကို ချော့ဖို့ရာ သူ့အနားသွားကပ်တော့ အသားချင်းအထိမခံဘဲ ကုတင်ထိပ်ထိ တိုးသွားတာမို့ လွန်း အသည်းယားစွာ ပြုံးလိုက်မိသည်။တကယ်တော့ တရားခံက အာကာဆိုသည့်ကောင်။အကြိုနေ့ကတည်းက နေ့စဉ်အမျှ ဖုန်းဆက်ပြီး လျှောက်လည်ဖို့ လွန်းကို အဖော်စပ်တာ။ဒါကို ကိုကိုက ကြားသွားတော့
သူ့ကိုပါ လွန်း ထိန်းမနိုင်တော့။လျှောက်လည်မယ် တကဲကဲနှင့် အားလုံးထဲတွင် သူ အတက်ကြွဆုံး။

"ကဲပါ အတက်နေ့လည်းရောက်နေပြီ ကိုကိုသွားချင်သွားလေ..ဒါပေမဲ့ နေ့တစ်ဝက်ပဲနော် ငယ်က လူရှုပ်ရင် မကြိုက်တာ သိရဲ့သားနဲ့.."

လွန်း ထိုသို့ပြောလိုက်တော့ မယုံနိုင်သည့် မျက်နှာဘေးနှင့် မျက်မှောင်ကြီးကြုတ်ပြီး လှည့်ကြည့်လာသည်။

"လူကို မျှော်လင့်ချက်ပေးပြီး လှည့်စားမယ်မကြံနဲ့.."

လွန်း သွားဖြူတန်းလေးတွေ ပေါ်အောင်ကိုပင် ရယ်လိုက်မိပါ၏။ကုမ္ပဏီခွဲပေါင်းများစွာထပ်ဖွင့်ပြီး ရုပ်တည်ကြီးနှင့်နေတတ်လှပါသည်ဆိုတဲ့လူက အခုလို ကလေးလုပ်နေမယ်လို့ ဘယ်သူထင်မှာလဲ။

"ရပါတယ်လေ..မသွားချင်တော့ဘူးဆိုရင်လဲ...."

လွန်း စကားမဆုံးခင် ကုတင်ပေါ်ကထပြီး ဘီဒိုဆွဲဖွင့်လိုက်တာမို့ လွန်း ခေါင်းတခါခါကြည့်မိရုံသာ တတ်နိုင်တော့သည်။ဘာပဲပြောပြော ကိုကို ပျော်နေဖို့သာအဓိကမို့ အာကာဆီ ဖုန်းဆက်ကာ လိုက်မယ်ဖြစ်ကြောင်း အသိပေးရသေးသည်။

သူဖန်ဆင်းတဲ့ လွန်းအိမ်ငယ် ( Completed )Donde viven las historias. Descúbrelo ahora