အပိုင်း (၁၀)

42.4K 3.9K 194
                                    

#For Unicode

ကျောင်းသားများ ရန်ဖြစ်ခြင်းကြောင့်
လူမစုံတော့သည့်အတွက် မာန်တို့ ဓမ္မစကြာရွတ်ခြင်းကို နောက်ရက်ရွေ့လိုက်ရသည်။ကျန်တဲ့ ကျောင်းသားများလည်း ကိုယ့်အခန်းကိုယ် အသီးသီးပြန်သွားကြပြီမို့ မာန် စိတ်ညစ်ညစ်နှင့် တံခါးသော့ခတ်ကာ အတန်းကိုပြန်ဖို့လုပ်ရ၏။မာန် သော့ခတ်ပြီး လှည့်ထွက်လိုက်ချိန် အနောက်က ဆရာတစ်ယောက် လှမ်းခေါ်သံကိုကြားလိုက်ရသည်။

"ငြိမ်းစေတမာန် "

လှည့်ကြည့်လိုက်တော့ မနှစ်က ဘင်ခရာသင်ပေးသည့် ဆရာဖြစ်ပြီး ဘေးမှာလည်း လွန်းက ရပ်နေသည်။

"ဆရာအတန်းဝင်စရာရှိလို့...သား
ဒီကလေးကို ကျိုင်းကိုင်တာ ပြပေးပါလား။
ပွဲရက်က ကပ်နေပြီ သူလေ့ကျင့်ချိန် မရှိမှာဆိုးလို့။ဆရာ မင်းတို့ ဆရာမကိုပြောထားပေးမယ်။ဒီ တစ်ချိန်ပဲ မုန့်စားကျောင်းဆင်းချိန်ပြီးရင် ဆရာပြန်လာမယ် "

ဆရာ့စကားကို မာန် ရို့ကျိုးစွာ ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်...ရပါတယ် ဆရာ"

ခုနက ရန်ပွဲကြောင့် လွန်းနဲ့ မတွေ့ရတော့ဘူး ထင်ထားတာ၊ဒီလိုကြတော့လည်း ကံကြမ္မာက မာန့်ကို မျက်နှာသာပေးပြန်သည်။ဆရာထွက်သွားတော့မှ မာန်လည်း လွန်းကို ခေါ်လာပြီး ခန်းမထဲ လျှောက်လာခဲ့၏။ထုံးစံအတိုင်း ကျေးဇူးရှင်လေးက ဘာစကားမှ မပြော။ခုနက drum stick ထိသွားတာ သက်သာရဲ့လားတောင် တစ်ခွန်းမမေးပါ။နဂို ဂျစ်ကန်ကန်လေးက လူမှုရေးလည်း ကောင်းပုံမရ။

"လွန်း ဒီလိုနော်...ကိုယ့် လက်ကို သေချာကြည့်"

မာန် ကျိုင်းကိုင်နည်းကို တစ်ဆင့်ချင်းဆီ စပြရသည်။
ကျိုင်းကို အပေါ်ပစ်လိုက်၊ပြန်ဖမ်းပြလိုက်နှင့် လက်အနေအထားပါ မှန်အောင်သင်ပေးရ၏။လွန်းက မျက်မှောင်ကြုတ်ပြီးသေချာ ကြည့်နေသည်။ဒါ သူ စိတ်ဝင်တစား နားထောင်နေတယ်ဆိုတဲ့ သဘောပေါ့။

"ဟယ် ချောလိုက်တာ ..."

"ငါ ကတော့ ဆယ်တန်းက အစ်ကိုကြီးပဲ..."

"ဟဲ့ ဟိုကောင်လေးက မိန်းကလေးလိုချောတာဟ
ဖြူဥနေတာပဲ ဟီးဟီး"

သူဖန်ဆင်းတဲ့ လွန်းအိမ်ငယ် ( Completed )Where stories live. Discover now