အပိုင်း(၅၂)

41.6K 2.8K 223
                                    

#For Unicode

မနေ့ညက ပိုးလုံးမွေးနေ့ရော ၊ proposal Day
ရောမို့ အာကာ သူငယ်ချင်းဖြစ်သူအစား အပျော်လွန်ပြီး သောက်စားခဲ့သည်မှာ အိမ်ကို ဘယ်လို ကနေ ဘယ်လို ပြန်ရောက်ပြီး၊ဘယ်လို အိပ်ပျော်သွားမှန်းပင် မသိပါ။မနက်မိုးစင်စင်လင်းမှ ခေါင်းထဲ မူးနောက်နောက်နှင့် အိပ်ရာကနှိုးလာခဲ့သည်။သင်္ကြန်မိုးရွာနေလို့လားမသိ မိုးအေးအေးနဲ့မို့ မျက်လုံးက မဖွင့်ချင်သေး။အိပ်ရာမထခင် ဇိမ်ယူနေကျ အကျင့်အတိုင်း ဘေးက ဖက်လုံးကြီးကို အားရပါးရဖက်ကာ တစ်ရေးလောက် ပြန်မှေးရန် ကြံရွယ်လိုက်သည်။

ဖက်လုံးကြီးကလည်း ဒီနေ့မှ ပို၍ အိစက်နေသလို။ခြေထောက်တစ်ဖက်ကို ပစ်တင်ကာခွလိုက်ပြီး ခေါင်းလေးပင် တိုးဝှေ့လိုက်သေး၏။

"Baby နိုးရင်လဲထတော့ကွာ...တစ်ညလုံး
ဖက်အိပ်ထားတာကို အိပ်လို့ မဝသေးဘူးလား"

အာကာ့ နားထဲသို့ ညင်သာစွာ တိုးဝင်လာသောအသံတစ်ခု။အာကာအလိုလို ပြုံးမိသွားသည်။အိမ်မက်လေးက ကြည်နူးစရာလေးပါလား။

"Baby..ဆေးရုံ‌သွားဖို့ နောက်ကျမှ မအော်နဲ့‌"

နားနားကပ်ပြောလိုက်သလို ကြားလိုက်ရသော အသံကြောင့် အာကာ လန့်ပြီးဆတ်ခနဲ မျက်လုံး ဖွင့်ကြည့်လိုက်ရာ...

"ဟင်......"

မျက်မှန်မတက်ထား၍ မှုန်ရီဝါးသော ရှေ့ကမြင်ကွင်းကို အတန်ကြာအောင် ကြောင်ကြည့်နေပြီးမှ..

"အား......!!"

ငယ်သံပါအောင်အော်ကာ ကုတင်ပေါ်က
အသည်းအသန်ပြေးဆင်းတော့၏။သူ့ခေါင်းတစ်ခုလုံးချာချာလည်နေကာ ဘာကိုမှ စဉ်းစားမရ။စားပွဲပေါ်က မျက်မှန် အဝိုင်းလေးကို ကပျာကယာယူတပ်လိုက်တော့ ရှေ့ကမြင်ကွင်းကို ရှင်းလင်းစွာမြင်လိုက်ရသည်။

"ခင်ဗျား....ခင်ဗျား ကျွန်တော့် အခန်းထဲ ဘယ်လိုလုပ်ရောက်နေတာလဲ"

မင်းခန့်သူကို နားမလည်နိုင်စွာကာ အာကာ လက်ညှိုးတစ်ထိုးထိုးနှင့် အထစ်ထစ်အငေါ့ငေါ့ ‌ရန်ထောင်တော့သည်။မင်းခန့်သူခမျာလည်း ကြောင်တောင်တောင်နှင့် သူကိုယ်တိုင် ဘယ်ကနေဘယ်လို ရှင်းပြရမှန်းမသိတော့။

သူဖန်ဆင်းတဲ့ လွန်းအိမ်ငယ် ( Completed )Donde viven las historias. Descúbrelo ahora