#For Unicode
ကလောခရီးစဉ်လေးပြီးဆုံး၍ မာန်တို့ အမှတ်တရများ ပွေ့ပိုက်ခါ ရန်ကုန်မြို့အောင်မင်္ဂလာကားဝန်းထဲသို့ မနက်စောစော ပြန်ရောက်ပြီဖြစ်သည်။အောင်မင်္ဂလာကားဝန်း၏ထုံးစံအတိုင်း ကားရပ်လိုက်သည်နှင့် အငှားယဉ်မောင်းတို့ကအလုအယက် သူ့ထက်ငါအပြိုင် ခရီးသည်များရဖို့ စုပြုံတိုးလာကြ၏။
မာန်ကတော့ နောက်မှာအိပ်လိုက်လာသော နှစ်ယောက်ကို နှိုးပြီး အသစ်စက်စက် ချစ်သူလေး၏ လက်တစ်ဖက်ကိုဆွဲကာ ကားပေါ်မှဆင်းဖို့ပြင်လိုက်သည်။
"မာန်!!"
ရုတ်တရက်မို့ လွန်း မျက်လုံးအပြူးသားလေးနဲ့ ကြည့်ပြီး ခိုင်နှင့်အာကာသိသွားမှာဆိုး၍ မျက်နှာရိပ် မျက်နှာကဲပြကာ လက်ကိုရုန်းနေ၏။
"ဟိုမှာလူတွေ အများကြီးပဲ...လွန်း ညက်သွားမှာဆိုးလို့...လူကြားထဲတိုးသွားရင် ခိုင်တို့ သိမှာမဟုတ်ဘူး"
မာန် ပြောမှ အပြင်ကို လှမ်းကြည့်ပြီး လွန်းဘာ့မှထပ်မပြောတော့။ဒါ သူလက်ခံလိုက်သည့်သဘောမို့ လွန်း လက်ကိုဆွဲကာ"အစ်ကိုတို့ ကားငှားဦးမလား"ဟုပြောနေကြသည့် လူအုပ်ကြားထဲမှ မာန် တိုးထွက်ခဲ့သည်။ခိုင်နှင့်အာကာလည်း နောက်မှာကျန်ခဲ့၍ မာန်တို့ကိုသတိမထားမိလိုက်။
အောက်ရောက်မှ လွန်းက သူ့ လက်လေးကို ဖြုတ်လိုက်ပြီး ရှက်ပြုံးလေးပြုံးလိုက်သလို မာန်ကလည်း လွန်း မျက်နှာကို မကြည့်ရဲပဲ ဂုတ်ကိုလက်နှင့်ပွတ်ကာ ဟိုကြည့်ဒီကြည့်နှင့် ပြုံးနေမိသည်။အချစ်ဦးဆိုတာ ဒီလောက်ရင်ခုန်စရာကောင်းမယ်မှန်း မာန် မသိခဲ့။အခုတော့ ရင်တွေ တသိမ့်သိမ့် ခုန်နေသည်မှာ မရပ်ဆဲနိုင်တော့။
ခိုင်နှင့် အာကာကားပေါ်ကဆင်းလာမှ မာန်လည်း
ကားအောက်ခန်းက luggage အိတ်တွေကိုချကာ အသင့်စောင့်နေသော မေမေ့ ကားဆီသို့ လေးယောက်သား ထွက်ခဲ့ကြသည်။"Ring ..Ring....."
ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းသံလေး မြည်လာ၍ လွန်း ဖုန်းကိုင်လိုက်၏။
"ဟုတ် ဦးနိုင် ကျွန်တော်အဲဒီနားကိုပဲလာခဲ့
လိုက်မယ်..အခု မာန့် အမေကို နှုတ်ဆက်ချင်လို့"