#For Unicode
Ring...Ring....
ကျယ်လောင်စွာ ထမြည်သော ဖုန်း ringtone သံကြောင့် လွန်း အိပ်ပျော်ေနရာမှ လန့်နိုးသွားမှာဆိုး၍ မာန် luggage အိတ်ထည့်နေရင်း စားပွဲပေါ်တွင် တင်ထားသော ဖုန်းကို ကမန်းကတန်းပြေးယူကာ ကိုင်လိုက်ရသည်။
"Hello..."
"ဟေ့ကောင် ပိုးလုံး ထွက်လာပြီလား....
လေယာဉ်ချိန်နီးပြီနော်... ငါတောင်ခုလေဆိပ်သွားနေပြီ"မနက်စောစောစီးစီး ဖုန်းထဲမှ အာကာ့
အသံဆာဆာကို အရင်ကြားရ၏။အကြောင်းမှာ အာကာတို့ တစ်အုပ်စုလုံး မာန်တို့ honey moon ကို လိုက်နှောင့်ယှက်ကြခြင်းဖြစ်သည်။ထိုရန်မှလွတ်အောင် မာန် နိုင်ငံခြားခရီးစဉ်သွားဖို့ စီစဥ်ခဲ့သော်လည်း လွန်း ခွင့်ရက်ရှည် မရတာကြောင့်
ငပလီသွားရန်သာ ဆုံးဖြတ်လိုက်ရ၏။"အင်း အာကာ အစ်ကို ငယ့်ကိုနှိုးပြီး ခုထွက်လာတော့မှာ"
"ဟာ....ကိုမာန်ရာ ပိုးလုံးကို ခုထိ မနှိုးရသေးဘူးလား...အဲကောင်ကလဲ သေနိုင်လွန်းတယ်"
ဖုန်းထဲက အာကာ့ စကားကြောင့် မာန့် မျက်နှာကြီး မည်းမှောင်သွားတော့သည်။ငယ့် သူငယ်ချင်းမို့သာ သည်းခံလိုက်ရတာ။မဟုတ်ရင် မာန် စိတ်ဆိုးတကြီး ပြန်ပြောမိမှာပင်။ပိုတယ်ပဲပြောပြော ကိုယ်တောင် အရိပ်တကြည့်ကြည့်ဖြစ်နေရတဲ့ မြတ်နိုးရာလေးကို သူတစ်ပါးထံမှ စကားအရာနဲ့တောင် ထိပါးခြင်းမခံနိုင်ပါ။
"ငယ့်ကို အဲလိုမပြောပါနဲ့ကွာ...
အစ်ကို မနှိုးသေးတာ ငါးမိနစ်လိုသေးလို့ အိပ်ပါစေ.....""အမလေး ကိုမာန်ရာ ပြောမိတာမှားပါတယ်။
အဲတာကြောင့် ဟိုကောင်က ကိုကိုက ပါးစပ်ဖျားက မချတာနေမယ်။ဒါပဲဗျာ လေယာဉ်ချိန် မမှီရင် ကျွန်တော်နဲ့ခန့်နဲ့ပဲ သွားလိုက်ရမှာဆိုးလို့ ဖုန်းဆက်တာ ဟီး see u ခဏနေတွေ့မယ်"ဘယ်တော့မှ စကားအကောင်းပြောလို့ မရသည့် အာကာက ပြောချင်ရာပြောပြီး ဖုန်းချသွားလေပြီ။မာန် ခေါင်းတခါခါနှင့် ဖုန်းကိုစားပွဲပေါ်ပြန်တင်ကာလေယာဉ်ချိန်လည်းနီးပြီမို့ လွန်းကို နှိုးဖို့လုပ်ရတော့၏။