အပိုင်း (၂၉ )

31.9K 3.2K 164
                                    

#For Unicode

တိတ်ဆိတ်နေသော နွေရာသီလည်း အရင်လို
ဥဩငှက်လေးတွေရဲ့ အသံဖြင့်မသာယာနိုင်တော့‌‌ပြီ။ပတ်ဝန်းကျင်တစ်ခုလုံးခြောက်ကပ်ကာ ‌သားအမိနှစ်ယောက်၏ ရယ်မောသံလေးများလည်း လောင်ကျွမ်းဝါးမြိုသွားလေပြီ။

မီးဖိုချောင်ထဲတွင် အလုပ်မသွားခင်အမှီ
သား အတွက်စားစရာပြင်နေသော
မေမေ့၏ ပုံရိပ်သည်လည်း ပျောက်ဆုံးသွားခဲ့ပြီ။

ထမင်းစား စားပွဲတွင် သားကြိုက်တဲ့ ဆိတ်သားဟင်းလေး ချက်ထားတယ်ဟုပြော‌နေကြ မေမေ့ရဲ့အပြုံးတွေလည်း ပုံရိပ်ယောင်လေးပမာ။ညနေဘက် ပန်းပင်လေးတွေ ရေထွက်လောင်းရင်း သီချင်းတစ်အေးအေး ဆိုညည်းသံလေးလည်း
မကြားနိုင်တော့။

ယနေ့ မာန့်အမေ၏ နောက်ဆုံးခရီး ပို့ဆောင်ရမည့်နေ့။ခိုင်တို့ မိသားစုနှင့်အတူ စီးပွားရေးလုပ်ငန်းရှင် တချို့ပါ ဒေါ်ခင်ခင်နု၏ နောက်ဆုံးခရီးကို စိတ်မကောင်းစွာ ပို့ဆောင်ရန် အုတ်ဂူသွင်းမည့်နေရာသို့ ရောက်နေကြပြီဖြစ်သည်။နှစ်ဖက်မိဘ သဘောမတူခဲ့လို​့ ကိုယ့်ဘဝကိုယ် ဆက်လျှောက်ခဲ့သည့် အိမ်ထောင်ရေးက နောက်ဆုံးအချိန်ထိ ဆွေမျိုးသားချင်းဟူ၍
တစ်ယောက်မှရောက်မလာခဲ့။

အမြဲတမ်းပြုံးနေ‌တတ်သည့် အမျိုးသမီးတစ်ဦး၏ သက်မဲ့ ခန္ဓာကိုယ်သည် ယခုတွင်တော့ ခေါင်းတလားထဲတွင် ငြိမ်သက်စွာလှဲလျောင်းနေသည်။မာန်က‌ ဒေါ်ခင်ခင်နု၏ ရုပ်အလောင်းကိုကြည့်ရင်း ဖြေမဆည်နိုင်စွာ ငိုကြွေးနေ‌တော့သည်။

"မေမေ သွားလေရာကို ဖြောင့်ဖြောင့်သွားပါ
သားလိမ်လိမ်မာမာနေပါ့မယ် "

ရှိုက်သံရော‌ထွေးလျက် မာန် လက်အုပ်ချီကာ ဦးသုံးကြိမ်ချပြီးနောက် အုပ်ဂူထဲသို့ ခေါင်းတလားသွင်းရင်း ဂူပိတ်သဂြိုလ်ချင်းပြီးဆုံး‌တော့သည်။မာန့်ကိုကြည့်ရင်း နာရေးပို့‌ဆောင် သူအပေါင်းတို့သည်လည်း သနားဂရုဏာသက်စွာဖြင့် မျက်ရည်ကျ‌မိပါသည်။

............................

မာန့်အမေ၏ နောက်ဆုံးခရီးကို ပို့ဆောင်ပေးပြီးနောက် ခိုင် မိဘများကိုခွင့်တောင်းကာ မာန်နှင့်အတူ မာန့် အိမ်သို့လိုက်လာခဲ့သည်။ချိုင့်ဝင်နေသော မျက်လုံးများနှင့် ဖြူဖျော့နေသော မာန့် မျက်နှာကို ကြည့်ရင်း ခိုင် သက်ပြင်းတချချ။

သူဖန်ဆင်းတဲ့ လွန်းအိမ်ငယ် ( Completed )Où les histoires vivent. Découvrez maintenant