အပိုင်း(၂၅)

39.3K 3.3K 227
                                    

#For Unicode

ဒေါက်...ဒေါက်...ဒေါက်!!

"ငယ်ရေ!!!ငယ်ရေ !!!"

လွန်း ရေချိုးခန်းဝင်သွားသည်မှာ ငါးမိနစ်ပင် မပြည့်သေး။အပြင်မှာ မာန်တစ်ယောက် ရေချိုးခန်းတံခါးကို တဒုန်းဒုန်းထုပြီး ဆူညံနေပြီ။ရေချိုးတာတောင်အေးအေးဆေးဆေး ချိုးလို့မရတဲ့ လွန်းအဖြစ်က သနားစရာ။ခဏလေးတောင်မှ သူ့ မျက်စိအောက်က အပျောက်မခံဘဲ တော်တော်ကို အဖြစ်သည်းနေတာပါ။
လွန်း တဘတ်ကိုအမြန်ဆွဲယူကာ ခါးမှာပတ်လျက် ရေချိုးခန်းပေါက်ဝကို ခေါင်းပြူကြည့်လိုက်တော့ ရှိသမျှ သွားသုံးဆယ့်နှစ်ချောင်းလုံးပေါ်အောင် ရယ်ပြနေသည့် အချစ်ဦးလေး။

"မြန်မြန်ချိုးလို့...ငယ် နေမကောင်းဖြစ်မှာဆိုးလို့...ကိုကို ညဝတ်အင်္ကျီကိုကုတင်ပေါ်တင်ပေးထားတယ်.. ငယ်ထွက်လာရင်သောက်ဖို့ အောက်ထပ်မှာနွားနို့သွားယူဦးမယ်နော်"

"အင်း..."

လွန်း ခေါင်းညိတ်ပြကာ ရေချိုးခန်းတံခါးကို ပြန်ပိတ်လိုက်သည်။ခဏနေတော့ ကိုကို အခန်းထဲက ထွက်သွားသံကို ကြားရ၏။လွန်းလည်း တစ်ခါထဲ မထူးတော့သည်မို့ ခေါင်းပါလျှော်ချလိုက်သည်။ညဘက်ကြီး ခေါင်းလျှော်လို့ ပြောခံရတော့မှာတော့ မြင်ယောင်သေး။မျက်မှောင်ကြီးတွန့်ချိုးနေမဲ့ တစ်ယောက်သူ၏ မျက်နှာကိုတွေးမိကာ လွန်း လှစ်ခနဲပြုံးပြီး မြန်မြန်သွက်သွက် ခေါင်းလျှော်ရသည်။

လွန်း ရေချိုးခန်းထဲက ထွက်လာသည်အထိ မာန် အပေါ်ထပ်ကိုပြန်တက်မလာသေးပေ။အသင့်တင်ထားပေးသည့် ကုတင်ပေါ်ကညဝတ်အင်္ကျီလေးကိုယူဝတ်ကာ ခေါင်းသုတ်ရင်းစောင့်နေလိုက်သည်။

ဒေါက်~ဒေါက်!!!

"ငယ်...ကိုကိုဝင်လာမယ်နော်"

"ကျစ်!!!အသံဗြဲနဲ့အော်နေပြန်ပြီ အန်တီတော့ ကြားတော့မှာပဲ"

လွန်း ကမန်းကတန်းထကာ တံခါးပြေးဖွင့်လိုက်တော့ နွားနို့ခွက်ကြီးကိုင်ပြီး ပြုံးနေသည့် မာန်။သူ့အခန်းဖြစ်သော်လည်း လွန်း ရေချိုးနေတာမို့ အခန်းတံခါးခေါက်ပြီးမှ ဝင်လာခြင်းပါ။ဒါ နှစ်ယောက်ကြား ထားရှိသည့် တစ်ယောက်ကိုတစ်ယောက် လေးစားမှုတစ်ခု။အခုတော့ လွန်းကို ခေါင်းအစခြေအဆုံးသေချာစိုက်ကြည့်ပြီး မျက်မှောင်ကြီးကြုတ်သွားပြီ။

သူဖန်ဆင်းတဲ့ လွန်းအိမ်ငယ် ( Completed )Where stories live. Discover now