အပိုင်း (၃)

50.1K 4.3K 230
                                    

#For Unicode

မာန် မုန့်ဈေးတန်းတွင် ဘာစားရမလဲ စဉ်းစားရင်း
မုန့်ဆိုင်များကို တစ်ခုချင်းစီ ဝေ့ကြည့်လိုက်သည်။စိတ်ထဲ အအေးနှင့် ဟန်ဘာကာ စားချင်လာတာမို့ အအေးဆိုင်သို့သာ အရင်ဦးတည်လိုက်၏။အအေးဆိုင်က မုန့်မျိုးစုံရ၍ ကျောင်းသားများ အနည်းငယ်တော့ ပြည့်ကျပ်နေသည်။ထိုစဉ်.....

ဖြန်း!!!!!!!!

သူ့ နဖူးသူ အားပြင်းပြင်းနှင့် ရိုက်လိုက်သော
ကောင်လေးတစ်ယောက်။မာန် ကြည့်လိုက်တော့ မနက်က မာန့်ကို အခန်းမေးပြီး ခပ်တည်တည်နှင့် ထွက်သွားတဲ့ ငဂျစ်လေး။ဘာပြဿနာဖြစ်နေတာလဲမသိ။ မာန် တစ်ချက်တော့ တွေးလိုက်မိပြီး ကိုယ်နဲ့လည်း မသိတာမို့ မုန့်ဝယ်ဖို့သာ ရပ်စောင့်နေလိုက်သည်။

"သား မုန့်ယူမှာလား နောက်က ကလေးတွေ စောင့်နေလို့ မြန်မြန်လေး"

မုန့်ဆိုင်က အန်တီကြီးက ထိုကောင်လေးကိုလှမ်းပြောလိုက်ခြင်းဖြစ်သည်။ဘေးက ကျောင်းသားတွေကလည်း စောင့်ရတာကြာပြီမို့ သူ့ကို စိတ်မရှည်သလိုကြည့်နေကြ၏။ဒီကောင်လေးပုံစံကလည်း တစ်ခုခုကို အခက်တွေ့နေသလိုပင်။

ပိုက်ဆံ မလောက်လို့ များလား။

မာန် ဆက်တွေးမနေတော့ဘဲ မုန့်ဆိုင်က အန်တီကြီးကိုလှမ်းပြောလိုက်သည်။

"အန်တီ...အခုသားယူထားတာရော...ဒီက
ညီလေး ယူထားတာရော...နှစ်ခုပေါင်း ဘယ်လောက်ကျလဲ ဗျ...."

.......................

ကြည်လင်ပြတ်သားသော အသံနှင့်အတူ ပိုက်ဆံလှမ်းပေးလိုက်တဲ့ သွယ်လျလျ လက်ချောင်းများက
ပိုးလွန်းအိမ်၏ နောက်မှထွက်လာသည်။ဆတ်ခနဲ
မော့ကြည့်လိုက်မိတော့ မိမိနဲ့ လုံးဝမသိတဲ့ သူစိမ်းတစ်ယောက်။

"ညီလေး အစ်ကို၀ယ်ကျွေးတာ ယူသွားလိုက်နော်"

ဘေးမှာ လူတွေကြည့်နေတာမို့ မာန် အဆင်ပြေသလို သာ ကြည့်ပြောလိုက်သည်။သို့သော် ထိုကောင်လေးက
ချက်ချင်း မျက်မှောင် ကြုတ်သွား၏။

"ပိုက်ဆံမလောက်လို့မလား အစ်ကိုကူညီတာ"

နှစ်ယောက်ထဲကြားရုံမျှ အသံတိုးတိုးနှင့် ပိုးလွန်းအိမ်နားကို ကပ်ပြောလာသည်။မြင်ဖူးသလိုရှိနေတာမို့ စဉ်းစားကြည့်မိတော့ မနက်က လမ်းညွှန်ပေးသည့်အစ်ကို။
မုန့်ဆိုင်က အန်တီကြီးကို ပိုက်ဆံတွေရှင်းပေးပြီးမှ
ပိုးလွန်းအိမ်ကို လှည့်ကြည့်သည်။ကူညီတာကိုတော့ ကျေးဇူးတင်သည်။သို့သော် သူစိမ်းတစ်ဦးထံက အကူအညီ မလိုချင်။ထို့ကြောင့် ထိုအစ်ကိုအားကြည့်ကာခပ်ပြတ်ပြတ်သာ ပြောလိုက်သည်။

သူဖန်ဆင်းတဲ့ လွန်းအိမ်ငယ် ( Completed )Where stories live. Discover now