အပိုင်း(၃၅)

36.9K 3.2K 140
                                    

#For Unicode

လေယာဉ်စီးချိန် ဆယ့်နှစ်နာရီ ကြာခဲ့ပြီးနောက် မာန် မြန်မာပြည်သို့ ရောက်ခဲ့လေပြီ။

နော်ဝေမှ မာန်နှင့်အတူ Kris ပါလိုက်ခဲ့ပြီး၊ မာန် မြန်မာပြည်သွားမည်ဟု ပြောသည့်နေ့ကတည်းက ရိပ်ရိပ်တစ်ယောက် လိုက်ချင်တယ်ဟု ဂျီကျနေ၍ ထုံးစံအတိုင်း မာန် အလိုလိုက်ကာ noraတို့ သားအမိပါ ခေါ်လာခဲ့ခြင်းဖြစ်သည်။မာန် လေယာဉ်ပေါ်က ဆင်းဆင်းချင်း‌
အမိမြေသို့ခြေအချ ကောင်းကင်ကြီးကို မော့ကြည့်မိရာ နေသိပ်မပူဘဲ မိုးများအုံ့မှိုင်းလို့နေ‌၏။

ကိုးနှစ်တာခွဲခွာခဲ့ရသော နာကျင်စရာ အတိတ်များစွာဖြင့် ပြည့်နှက်နေသည့် မြန်မာပြည်​၏ လေထုကို မာန် ခေတ္တခဏ ရှူရှိုက်ရပေဦးမည်။

"Daddy... the weather is too hot"

မိုးအုံ့နေသော်လည်း ရိပ်ရိပ်လေး၏ မြန်မာပြည်ရောက်ရောက်ချင်း ပြော‌လာသည့် စကားကြောင့် မာန် သဘောကျစွာ ရယ်မိသည်။နော်ဝေမြို့ရှိ အရမ်းအေးသောရာသီဥတုမှ လာရသည့်အတွက် ရိပ်ရိပ်လေး၏ ဆံပင်ကောက်ကောက်လေးများကြားတွင် ချွေးများစို့နေ၏။

ဘေးမှဖြတ်သွားသည့် လူအများကလည်း
ဖြူဖြူလုံးလုံး၊ဆံပင်ကောက်ကောက်၊ မျက်လုံးဝိုင်းဝိုင်း‌လေးနှင့် ဘိုမလေးလိုချစ်စရာကောင်းသည့် ရိပ်ရိပ်လေးအား ချစ်စနိုးစွာဖြင့်
မကြည့်ဘ​ဲမနေနိုင်ကြ။ချစ်စရာလေးဟုပြောကာ ပြုံးသွားကြသည်။

"လာ daddy အနွေးထည်ချွတ်ပေးမယ်"

"ဟုတ်..တဲ့"

ရိပ်ရိပ် တစ်ယောက် နှုတ်ခမ်းလေးဆူကာ လက်လေး နှစ်ဖက်မြှောက်ပေး‌သည်။မာန် အင်္ကျီချွတ်ပေးလိုက်မှ အေးသွားပုံရကာ ခုန်ပေါက်ပြီး သူ့ မာမားဆီ ပြေးသွားတော့သည်။

"Nora ဦးကို ဖုန်းဆက်ပြီးပြီလား ..လေဆိပ်ကထွက်လာပြီလို့ပြောလိုက်ဦး"

"ဆက်ပြီးပြီ honey... ကားကအဆင်သင့် ရောက်နေပြီ"

Ring...Ring...

ထိုအချိန် မာန့် ဘောင်းဘီအိတ်ထဲက ဖုန်းသံထမြည်သည်။ဖုန်း contactကိုထုတ်ကြည့်လိုက်ရာ မာန့် နှုတ်ခမ်းတို့ ကွေးညွှတ်သွားပြီး ဝမ်းသာအားရ ဖုန်းကိုင်လိုက်၏။

သူဖန်ဆင်းတဲ့ လွန်းအိမ်ငယ် ( Completed )Where stories live. Discover now