အပိုင်း (၅၀)

38.8K 3K 235
                                    

#For Unicode

ရန်ကုန်မြို့၏ နာမည်အကြီးဆုံး club တစ်ခုတွင်
ဒီဂျေသံများ ဝုန်းဒိုင်းကျဲလျက်ရှိကာ၊ ဆလိုက်မီးရောင်စုံပြိုးပြိုးပျက်ပျက်များကြား အရောင်အသွေးစုံလင်သော လူငယ်လေးများက ပျော်ပါးကခုန်နေကြသည်။

Dancing flow တွင်လည်း ပျိုမဒီလေးများက
ဂစ်တာရှိတ် ခန္ဓာကိုယ်လေးများကို ခေတ်ဆန်ဆန် မပေါ့တပေါ်လေး ဝတ်ဆင်ထားကာ လှုပ်လီလှုပ်လဲ့ကနေကြ၏။အဖော်မပါသော ကောင်မလေးများ၏ ဘေးတွင် ကာကွယ်ပေးချင်သော အစ်ကိုကြီးများက အဆင်သင့်။

သို့သော် ဒီညအတွက် ပျိုမဒီလေးများရဲ့
ချစ်ရည်ရွှန်းလဲ့နေသော မျက်ဝန်း အစုံကတော့
နားကပ်လေးတစ်ဖက်နှင့် စိတ်လွတ်ကိုယ်လွတ်ကဲနေသော ကောင်လေးတစ်ယောက်ဆီတွင်သာ စုပြုံနေကြသည်။ထိုကောင်လေး၏ ချောမောမှုမှာ မီးရောင်စုံများကြား တစ်ယောက်ထဲ ထင်းထွက်နေ၏။နှာခေါင်းလုံးလုံးလေးနှင့် ရဲစိုနေသည့် နှုတ်ခမ်းလေးက ဝိုင်နီစိမ်ထားသော ချယ်ရီသီးလေးသဖွယ်။ရင်ဘတ်ကြယ်သီးကို
သုံးလုံးလောက်ဖြုတ်ထားတာမို့ ဖြူဥနေသော အသားအရည်က အတိုင်းသား။တချို့သော ကောင်လေးတွေရဲ့ အကြည့်ကလည်း ထိုကောင်လေးဆီက မလွှဲနိုင်ကြ။လိုအပ်လျှင် အဖော်ပြုပေးဖို့ ကျားချောင်းသလို ချောင်းနေကြသည်။

တစ်ခဏကြာတော့ ထိုကောင်လေးဘေးသို့
သူ့ သူငယ်ချင်းဟု ထင်ရသော ကောင်လေးတစ်ယောက် ရောက်လာ၏။

"ပိုးလုံး ခဏနားဦးလေ"

အာကာ Vvip ဝိုင်းမှဆင်းလာပြီး Dj သံတွေဆူညံနေသည့်ကြား လွန်း အနားကို တိုးကပ်ပြောလိုက်သည်။

ပိုးလုံး စိတ်ညစ်ညစ်နဲ့  စိတ်နှင့်ကိုယ်နှင့် မကပ်သလို တစ်ယောက်ထဲ ကနေသည်မှာ အတော်ကြာနေပြီဖြစ်သည်။လူများသည့် နေရာက သူနဲ့ အသားမကျသည့် တိုင်အောင် ဒီညတော့ ဖြစ်ချင်ရာဖြစ် တဆုံးသောင်းကျန်းမည်ဟု တွေးထားပုံရသည်။

"အင်း..အရက်သောက်ချင်တယ်"

"အဲတာဆိုလာလေ ဝိုင်းပြန်သွားမယ်"

လွန်း ခေါင်းညိတ်ပြပြီး အာကာနှင့် အတူ dancing floor ထဲကတိုးထွက်လာရင်း အာကာ့ရှေ့တွင် ပိတ်ရပ်လိုက်သော လူ တစ်ယောက်ကြောင့် လွန်း ခြေလှမ်းတို့ ရပ်တန့်သွား၏။

သူဖန်ဆင်းတဲ့ လွန်းအိမ်ငယ် ( Completed )Où les histoires vivent. Découvrez maintenant