Poe Loon Aein's dairy part (2)

20K 2.2K 143
                                    

#For Unicode

"အာကာ..ကိုယ်ကြိုက်တဲ့လူကိုကွာ ကိုယ့်ကို
ပြန်စိတ်ဝင်စားအောင် ဘယ်လိုလုပ်ရတယ်လို့မင်းထင်လဲ "

ကျွန်တော့်မှာ တိုင်ပင်စရာက အာကာတစ်ယောက်ပဲ ရှိတယ်လေ။အဲတော့လည်း သူ့ကိုပဲ အားကို တစ်ကြီး မေးရပါတယ်။

"ဟမ် မင်းက ဘယ်သူ့လိုက်မလို့လဲ "

သိနေတယ်။ အာကာ ကျွန်တော့်ကို ဒီလိုပဲ ပြန်မေးမယ်ဆိုတာ။

"ဘယ်သူ့မှ မလိုက်ဘူး...‌ဒီရက်ပိုင်း မေရတီက အလှတွေပိုပြင်နေသလားလို့ ငါသိချင်လို့ကွာ"

"အေး ပိုးလုံး မင်းပြောတာအမှန်ပဲ... eyeliner တွေပါ ချယ်လာတာ ကျောင်းကို "

အာကာတစ်ယောက် ပါးစပ်က ပလုတ်ပလောင်းနဲ့ မုန့်စားရင်း ပြော‌ပြနေတာ။ဘယ်လောက်တောင် စပ်စုလိုက်သဆိုရင် မေရတီ eyeliner ချယ်လာတာကအစ သူ အကုန်သိတယ်။ကျွန်တော် ကွေ့ပတ်‌မေးလည်း ခုချိန်ထိလိုရင်းကမရောက်။

"ငါမေးတာ အရင်ဖြေ...ကိုယ်ကြိုက်တဲ့လူ၊ကိုယ်ကိုပြန်ကြိုက်လာအောင် ဘယ်လိုလုပ်ရလဲလို့"

"ပိုးလုံးရာ မင်းကလဲ မေရတီကို ကြည့်ပါလား
မင်းရှေ့မှာ ပျိုပြနေတယ်လေကွာ..အဲ့လိုပေါ့ ပိုလှအောင်ဝတ်တာတို့ ၊ အလှပြင်တာတို့ပေါ့"

အာကာပြောမှ ကျွန်တော်ကပဲ မိတ်ကပ်ထလိမ်းရမလို။အသုံးမကျတဲ့ ကောင်။ဘာ့မှကို တိုင်ပင်လို့ မရဘူး။

ကျွန်တော် gay ပေမဲ့ မာန့်ကိုကြိုက်လို့ ဂေးသွားရုံ သက်သက်ပဲ။မာန်နဲ့ မတွေ့ခင်အထိ ကောင်မလေး ချောချောလေးတွေ မြင်ရင်သဘောကျတယ်။ဒါပေမဲ့ အခုတော့ မာန်ကလွဲပြီး ကျွန်တော့် မျက်လုံးထဲ ဘယ်သူ့မှ မမြင်တော့ဘူး။

"မာန်ကတော်တော်ခက်တဲ့လူ...ကျွန်တော့်ကို ပြောင်းလဲအောင်လုပ်နိုင်တယ်"

ပြီးတော့ အခု ကျွန်တော်က မာန့်ကို သဘောကျ‌နေတာ မဟုတ်ဘဲ အပိုင်လိုချင်တာ။

....................

ကျောင်းကနေ ပြန်ရောက်တော့
ရေမိုးချိုး ၊ အဝတ်စားလဲပြီး ကျွန်တော့် စားပွဲပေါ်မှာ အလှစိုက်ထားတဲ့ ပန်းအိုးလေးကို ရေးဖျန်းရင်း အမှတ်တမဲ့ ပြတင်းပေါက်ကနေ လှမ်းမြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကျွန်တော့် ဒေါသကထောင်းခနဲပဲ။

သူဖန်ဆင်းတဲ့ လွန်းအိမ်ငယ် ( Completed )Donde viven las historias. Descúbrelo ahora