အပိုင်း (၁၉ )

40.4K 3.5K 185
                                    

#For Unicode

မြင်းမထိဂူထဲသို့ ဝင်ဝင်ချင်း နဂါးရုံဘုရားကြီးကို
အရင်ဆုံး တွေ့ရသည်။ တချို့နေရာများတွင်တော့ ဂူမျက်နှာကျက်များက နိမ့်နိမ့်လေးဖြစ်နေ၍ အရပ်ရှည်သည့် မာန် မပြောနှင့် ခိုင်နဲ့လွန်းပါ ခေါင်းငုံသွားနေရ၏။အာကာ တစ်ယောက်သာ သူ့ အရပ်ကြောင့် အေးအေးဆေးဆေး ခေါင်းနှင့်လွတ်နေသည်။

"တစ်ခါတလေတော့လည်း အရပ်ပုတာ အသုံးဝင်သား"

အာကာ သူ့ကိုယ်သူ စပ်ဖြီးဖြီးနှင့်ဂုဏ်ယူသလိုပြောလိုက်တာမို့ မာန် နှင့် ခိုင် ခွီးခနဲ ထရယ်တော့သည်။လွန်းကတော့ သူ့ သူငယ်ချင်းအကြောင်းကို ရိုးသွားလို့လားမသိ၊ခပ်တည်တည်ပင်။

လူတစ်ယောက်စာသာ သွားလို့ရသည်​့
လမ်းကျဉ်းကျဉ်းလေးသို​့ ရောက်သောအခါ ခိုင်က ကင်မရာကိုင်ကာ ရှေ့ဆုံးက ဦးဆောင်သွားသည်။အာကာက ဓာတ်ပုံရိုက်ချင်တယ်လို့ အော်ပြီး ခိုင့်နောက်က အမှီပြေးလိုက်သွား၏။တစ်ယောက်သောသူနားကပ်ချင်နေသည့် မာန့် အတွက် အတော်ပင်ဖြစ်သွားသည်။ချက်ချင်းဆိုသလို သူ့ဟာသူ အေးအေးဆေးဆေး လျှောက်နေသည့် လွန်းအနား လှစ်ခနဲ ရောက်သွား၏။လွန်းက လှည့်ကြည့်လာတော့ မာန် သွားဖြူတန်းများပေါ်အောင် ရယ်ပြလိုက်သည်။သို့သော် မျက်စောင်းထိုးသွားတာမို့ နင့်ခနဲ။ကားပေါ်မှာတည်းက စူပုတ်ပုတ်နဲ့ ဘာတွေ အလိုမကျဖြစ်နေမှန်းမသိပါ။

လမ်းတစ်လျှောက်လုံး အလှူရှင်များတည်ထားသည့် ဘုရားဆင်းတုတော်များကို ဖူးမြှော်ရင်း မာန်တို့ လျှောက်လာခဲ့ကြသည်။ဂူအတွင်းရှိ ကျောက်တုံး၊ကျောင်ခတ်များက ပုံစံအမျိုးမျိုးနှင့်ဆန်းသစ်​နေပြီး နတ်ရေတွင်း၊ရွှေဟင်္သာ၊နတ်သမီးကျောက်ပြင် စသည်တို့ကလည်း စိတ်ဝင်စားစရာပင်။ဂူနံရံများမှ သဘာဝအတိုင်း ကျောက်စက်ရည်များ စိမ့်ကျနေမှုကြောင့်
ဂူအတွင်း အေးစိမ့်လို့နေသည်။

လမ်းမချော်အောင် ကွန်ကရစ်ခင်းထားသော်လည်း လမ်းတစ်လျှောက် ငေးပြီးလျှောက်နေသော လွန်းကို ချော်လဲမှာဆိုး၍ မာန် စိတ်ပူပြီး နောက်က တစ်ဖဝါးမှ မကွာပဲ လိုက်နေရသည်။

သူဖန်ဆင်းတဲ့ လွန်းအိမ်ငယ် ( Completed )Wo Geschichten leben. Entdecke jetzt