အပိုင်း (၃၇)

41.7K 3.4K 526
                                    

Unicode

"လွန်း...."

နောက်မှခေါ်လိုက်သော အသံစူးစူး‌ကြောင့် လွန်း
လှည့်ကြည့်မိရာ မမြင်ချင်ဆုံး‌သောမျက်နှာဖြစ်၍ ဒေါသက ထောင်းခနဲ ထွက်သွားသည်။

"တောက်!!!ခင်ဗျား ဒီအထိလိုက်လာပြီး...
စိတ်အနှောက်အယှက်ပေးနေတာလား မင်းခန့်သူ"

မင်းခန့်သူ၏ မျက်နှာကိုစေ့စေ့ကြည့်ကာ လွန်း
မေးလိုက်၏။

"ဟိုး  ဟိုး....ကိုယ့်အဘွား အုတ်ဂူကို လာကန်တော့ရင်း လွန်းကို မြင်လို့ လာနှုတ်ဆက်တာပါကွာ"

"‌ကောင်းပြီလေ အဲတာဆို ငါ သွားရတာပေါ့။
ဪ ဒါနဲ့ ခင်ဗျား ပါးစပ်ပေါက်က လွန်းလို့ မထွက်နဲ့လို့ ဘယ်နှစ်ကြိမ်သတိပေးထားရမလဲ။နောက်တစ်ခါ ငါ့ရှေ့မှာ အဲဒီနာမည်‌လာခေါ်ကြည့်လိုက်၊ခင်ဗျားမျက်ခွက် စုတ်ပြီမှတ်။အခုတော့အန်တီ့ရှေ့မှာမို့ ခင်ဗျားကံကောင်းသွားတယ်..."

လွန်း လေသံကို ခပ်ကျိတ်ကျိတ်သတိပေးကာ ထိုနေရာမှ ချာခနဲ လှည့်ထွက်သွား‌သည်။မင်းခန့်သူ စွံအစွာ ကျန်နေခဲ့ရ၏။လွန်း ကားပေါ်ရောက်သည်အထိ စိတ်ကိုအတတ်နိုင်ဆုံးလျော့ထားသော်လည်း၊မင်းခန့်သူ၏ ခေါ်သံက နားထဲကမထွက်‌နိုင်။သက်ပြင်းရှိုက်ကာ စိတ်ကိုအတတ်နိုင်ဆုံး လျော့ချရင်း၊ကျန်နေသေးသည်​့ ဒေါသကို ကားပေါ်ကကျယ်လောင်သော သီချင်းသံနှင့်အတူ ပေါက်ကွဲလိုက်ရသည်။

.....................

မာန့် ကုမ္ပဏီနှင့် ဒေါ်ခင်ခင်နုရှိရာ အုတ်ဂူသည်
ကုမ္ပဏီနှင့် အလှမ်းဝေးသောကြောင့် မာန်
နှစ်ရာရီ‌လောက် ကားမောင်းခဲ့ပြီးမှ ရောက်ရှိခဲ့လေသည်။

မာန် ကားပေါ်မှ ဆင်းကာ မေမေ့ အုတ်ဂူဆီသို့ လျှောက်လာခဲ့၏။အုပ်ဂူရှေ့တွင် ဘောင်ခတ်ထားသော မေမေ့ ဓာတ်ပုံလေးတောင် ရေညှိအချို့ကပ်ညိနေပြီ။မေမေ ကျွန်တော့်ဘဝထဲကထွက်သွားတာလည်း အခုဆို ကိုးနှစ်တောင်ရှိခဲ့ပြီဖြစ်သည်။ပြိုလဲနေသောစိတ်ကိုတင်းလျက် မေမေ့ကို ကန်တော့ဖို့အတွက် မာန် အုပ်ဂူရှေ့မှာ ထိုင်ချလိုက်တော့၏။

"မေမေ သား မေမေဆီ အခုမှ လာနိုင်လို့သားကို ခွင့်လွှတ်ပါမေမေ။သားတစ်ယောက်ထဲ အရမ်းပင်ပန်းပေမဲ့ အဆင်ပြေအောင် နေနေပါတယ်။မေမေရော အဆင်ပြေရဲ့လားဟင်။ကောင်းရာဘုံဘဝမှာ ငြိမ်းချမ်းနေပါရဲ့လား။သား...မေမေ့ကို ချစ်တယ်နော် "

သူဖန်ဆင်းတဲ့ လွန်းအိမ်ငယ် ( Completed )Where stories live. Discover now