အပိုင်း(၃၆)

37.5K 3.2K 119
                                    

#For Unicode

"Morning Boss"

"Morning"

မာန် မြန်မာပြန်ရောက်သည့်အချိန်အတွင်း
ရန်ကုန်ရှိ ကုမ္ပဏီရုံးချုပ်သို့ လာရောက် စစ်ဆေးခြင်းဖြစ်သည်။ကုမ္ပဏီရှိဝန်ထမ်းများ ထွက်၍ကြိုဆိုသည်ကို Morning တစ်ခွန်းသာပြောပြီး ခပ်တည်တည်ဖြင့် ရုံးခန်းဆီသို့ လျှောက်သွားသော CEO ကိုကြည့်ရင်း၊ဝန်ထမ်းများက ဤသို့ကောက်ချက်ချ၏။

"ငါတို့ CEOကလဲ မာနကြီးလိုက်တာ။ နှုတ်ဆက်တာတော့ မျက်နှာထားကြီးက တင်းမာနေတာပဲ။ဒါပေမဲ့ ချောလိုက်တာဟယ် meeting လုပ်တိုင်း projector ကို ငမ်းရတာအမော၊ ခုမှ အပြင်မှာပိုချောမှန်းသိတော့တယ်...ဟိဟိ.."

ဝန်ထမ်းမိန်းကလေးများ၏ တီးတိုးပြောဆိုသံကြောင့် ရုံးခန်းတံခါးကို ဖွင့်တော့မည့် မာန့်လက်တွေ ရပ်တန့်သွားသည်။ထို့နောက် မျက်မှောင်ကြုတ်ကာ လှည့်ကြည့်လာ၍ ထိုမိန်းကလေး၏ စကားသံမှာ တိခနဲ ရပ်တန့်သွားပြီး၊ ခေါင်းလေးတငုံ့ငုံ့နှင့် မာန့်ကို မကြည့်ရဲတော့။

တစ်ခဏကြာမှ မာန့် ဆီက သက်ပြင်းရှိုက်သံကြားရပြီးနောက် ရုံးခန်းတံခါးကို ဝုန်းခနဲ ပိတ်သွားသံကြားရမှ၊ဝန်ထမ်းများအားလုံး အသက်ရှုချောင်နိုင်သည်။နော်ဝေမှာ ကတည်းက မာန်သည် အလုပ်လုပ်လျှင် တိကျပြတ်သားတယ်ဆိုသော သတင်းက ပြန့်နေပြီ။အခုတော့ အပြင်ကပုံစံပါ မြင်လိုက်ရ၍ ဝန်ထမ်းများ အရင်လို
မချောင်တော့ပေ။တစ်ယောက်မျက်နှာ တစ်ယ​ောက်ကြည့်ကာ ကိုယ်​့အလုပ်နေရာ ကိုယ်ပြန်ပြေးပြီး တကုပ်ကုပ်နှင့် အလုပ်လုပ်ကြတော့သည်။

ဒေါက်~ဒေါက်!!

မာန် ရုံးခန်းထဲသို့ရောက်ပြီး ခဏကြာတွင်
အပြင်မှ တံခါးခေါက်သံကိုကြားရသည်။

"Boss...ကျွန်တော် kris ပါဝင်ခဲ့လို့ရမလား"

(A/N မာန်နှင့် Kris သည်အပြန်အလှန်
အင်္ဂလိပ်လိုသာ ပြောကြခြင်းဖြစ်သည်)

"ဝင်ခဲ့ .... "

Kris က ဖိုင်တွဲများပိုက်ကာ မာန့် ဆီသို့ လျှောက်လာသည်။ထို့နောက် ဖိုင်တွဲများကို စားပွဲပေါ်တင်လျက်...

သူဖန်ဆင်းတဲ့ လွန်းအိမ်ငယ် ( Completed )Où les histoires vivent. Découvrez maintenant