အပိုင်း (၂၀ )

45.4K 3.7K 247
                                    

#For Unicode

ကိုယ်မြတ်နိုးရသူနှင့် နှစ်ယောက်တည်းရှိတဲ့ ဒီလိုအချိန်လေးတွေ.......။

ကိုယ်မြတ်နိုးရသူ၏ မျက်နှာလေးကိုငေးကြည့်ခွင့်ရသည့် ဒီလိုအချိန်လေးတွေက မာန့် အတွက်တော့ တန်ဖိုးဖြတ်လို့မရနိုင်သည့် အဖိုးတန် ညတစ်ည......။

ကောင်းကင်ကြီးရယ်၊ ကြယ်လေးတွေရယ်၊ကိုယ်ချစ်ရတဲ့သူရယ်၊ ပြီးတော့ သူ့ကိုချစ်တဲ့အချစ်တွေနဲ့ ဒီညက ကဗျာဆန်စွာ လှပနေသည်။

ကော်ဖီခွက်လေးကိုင်ပြီး ကြယ်လေးတွေကိုငေးကြည့်ရင်း နှုတ်ခမ်းလေးက လခြမ်းကွေးလေးပမာ ကွေးတက်နေအောင်ပြုံးနေသည့် လွန်းကို မာန် ငေးကြည့်နေမိသည်။လွန်းက ကြယ်လေးတွေကိုကြည့်၊မာန် က လွန်းကိုကြည့်ရင်း တော်ေတာ်လေး အဆင်ပြေလို့နေ၏။

တစ်ဖက်သတ်ရဲ့ ခါးသီးခြင်းတွေသည်
ဒီကောင်လေး၏ အပြုံးတွေကြောင့် ချိုမြိန်
စေသလား မသိတော့ပါ။ပိုင်ဆိုင်ဖို့ မမျှော်လင့်ရဲခင် ဆုံးရှုံးရမှာကို တွေးကြောက်နေမိသည်။

မာန်တို့ နှစ်ယောက် တိတ်ဆိတ်စွာ ထိုင်နေကြရင်း ရာသီဥတုက တောင်ပေါ်မှာ ဖြစ်သည်ကတစ်ကြောင်း၊ ညဉ့်နက်လာသည်ကတစ်ကြောင်း တဖြည်းဖြည်း ပို၍ အေးစိမ့်လို့လာ၏။ရာသီဥတုအေးလို့ ထင်သည်၊လွန်း နှာခေါင်းထိပ်လေးနှင့် နားရွက်ဖျားလေးတွေက ခရမ်းချဉ်သီးလုံးလေးလို ပုံမှန်ထက် နီဆွေးနေသည်။

"လွန်းခဏနော် ကိုယ် ရွက်ဖျင်တဲဆီ ခဏသွားဦးမယ်"

"အင်း" 

လွန်းကိုပြောပြီးတာနဲ့ မာန် ရွက်ဖျင်တဲ
ဆီ ခပ်သွက်သွက်လျှောက်လာခဲ့သည်။ထို့နောက်လွယ်အိတ်ထဲက စောင်အပါးလေးကိုယူကာ လွန်း ဆီကို ပြန်လာခဲ့၏။လွန်းက ကြယ်လေးတွေကို မော့ကြည့်နေဆဲ။လွန်း ပခုံးပေါ် မာန် ယူလာသည့် စောင်အပါးလေးကို ခြုံပေးလိုက်တော့ လွန်းက တအံ့တဩလှည့်ကြည့်ကာ မာန့်ကိုတွေ့မှ အပြုံးရေးရေးလေးနှင့် အသိအမှတ်ပြုပေးသည်။

သူဖန်ဆင်းတဲ့ လွန်းအိမ်ငယ် ( Completed )Where stories live. Discover now