အပိုင်း(၅၅)

32.1K 2.5K 196
                                    

# For Unicode

လူတစ်ယောက်ဟာ အမြဲတမ်းတော့ ကံဆိုးမနေနိုင်ပါ။အဆိုးနဲ့အကောင်းဟာ ဒွန်တွဲနေစမြဲပါပဲ။
ကျွန်တော့်ဘဝဟာလည်း ငွေကြေးအရ
ပြီးပြည့်စုံခဲ့ပေမယ့်၊ မိဘမေတ္တာမရခဲ့တဲ့ နေ့ရက်တွေမှာ အရာရာတိုင်းက အကျည်းတန်နေခဲ့တာပင်။

အခုချိန်မှာတော့ လူတစ်ယောက်ကြောင့်
အကောင်းတွေ ရောက်လာပြီထင်ပါရဲ့။
အပစ်ပစ် အခါခါ ငြင်းပယ်ပြီးသည့်နောက်မှာ
‌မေမေလည်း ကျွန်တော့်ဖြစ်တည်မှုကို လက်ခံပေးလိုက်ပါပြီ။ကျွန်တော့်နားမှာ ကျွန်တော့် အသက်ထက် ချစ်ရတဲ့ တစ်ယောက်သော သူလည်းရှိနေပြီလေ....။

အချစ်ဟာ အရာရာ ပြောင်းလဲနိုင်သည်တဲ့။
အင်း..သူကတော့ ကျွန်တော့် ဘဝတစ်ခုလုံးကို
ပျော်ရွှင်အောင် ပြောင်းလဲပေးလိုက်တာပါပဲ..။

တကယ်တော့ သူက ကျွန်တော့်အတွက် ဘုရားပေးတဲ့ ဆုတော့ မဟုတ်ခဲ့ဘူး၊ဘုရားကို နားငြီးအောင် ဆုတောင်းမှ ပြည့်လာတဲ့ ဆုလဒ်လေး....။

❤️❤️❤️❤️❤️❤️❤️

Social Media တွင် အခုရက်ပိုင်း အဟော့ဆုံး
သတင်းသည် စီးပွားရေးလောကတွင် ကုမ္ပဏီခွဲပေါင်းများစွာဖြင့် လျှမ်းလျှမ်းတောက် အောင်မြင်‌နေသည့် Crown Group မှ CEO နှင့် Facebook စာမျက်နှာပေါ်တွင် ကောင်မလေးများ၏ အသဲစွဲဖြစ်သော ဆရာဝန်လေး၏ မင်္ဂလာ သတင်းပင်ဖြစ်သည်။

ထိုဆရာဝန်‌လေး၏ နောက်ကြောင်းသတင်းမှာလည်း လွန်းထိပ်ထား စိန်ဆိုင်နှင့် K group မှ အမွေဆက်ခံသူဖြစ်၍ ကျိကျိတက်ချမ်းသာသည့်အသိုင်းအဝိုင်းမှ မင်္ဂလာပွဲကို အားလုံး၏ စိတ်ဝင်စားခြင်းခံနေရ၏။
ထို့အပြင် လိင်တူလက်ထပ်ပွဲဖြစ်တာကြောင့် လက်ခံအားပေးသူများရှိသလို၊ မလိုမုန်းတီးသူများလည်းရှိတာပင်။

မာန် တစ်ချိန်က စေ့စပ်ဖူးသည့်အကြောင်းကို အစပြန်ဖော်ကြ၍ nora နော်ဝေက  ချက်ချင်းပြန်လာပြီး၊ဒုဥက္ကဌ သမီးဖြစ်သူအနေဖြင့် အင်တာဗျူး လုပ်မှသာ ပြဿနာ အားလုံး ပြေလည်သွားသည်။အစက အသိုင်းအဝိုင်း အနည်းငယ်သာပေးသိဖို့ စီစဥ်ခဲ့ပေမယ့် club မှာ လက်ထပ်ခွင့်တောင်းလိုက်သည့် video များ
ကြောင့် ဖုံးဖိလို့မရတော့။သို့ပေမဲ့ လွန်းကလည်း ဂရုမစိုက်သလို၊မာန်ကတော့ ကြေညာပြီသားဖြစ်တာမို့ ပိုလို့တောင် ပျော်နေပါသေးသည်။

သူဖန်ဆင်းတဲ့ လွန်းအိမ်ငယ် ( Completed )Donde viven las historias. Descúbrelo ahora