အပိုင်း(၅၁.၀)

45.9K 2.7K 162
                                    

#For Unicode

AN/ ၁၈ နှစ်မပြည့်ရင် ကျော်သွား‌ေပးပါနော် 🙄 ပြောမရမှန်း သိပေမယ့် တာဝန် အရသတိပေးတာပါ😏

.............................

လွန်း ခွင့်ပြုသည်မို့ လွန်း နှုတ်ခမ်းလေးကို
ပြွတ်စ်ခနဲ နမ်းကာ မာန် အဆင်သင့်ဝယ်ထားသော lube ဘူးနှင့် အကာအကွယ်ကိုသွားယူပြီး လွန်း ဆီသို့ပြန်လာခဲ့သည်။အရင်တစ်ခေါက်ကတည်းက မာန် ကြိုတင်ဝယ်ထားသည်မှာ အဆင်သင့်။

"ငယ် မနာစေရဘူးနော်.. ကိုကိုကတိပေးတယ်"

ရီဝေဝေကြည့်နေသော မာန့် အကြည့်တွေကို
မခံရက်နိုင်စွာ ခေါင်းညိတ်ပြမိတော့ မာန် နှစ်ခြိုက်စွာပြုံးလျက် လွန်း နှုတ်ခမ်းလေးကို စုပ်ယူကာ အစပျိုးလာပါတော့သည်။အလိုက်သင့်လေး ပွင့်ဟပေးနေသော လွန်း နှုတ်ခမ်းလွှာထဲသို့ မာန့် လျှာလေးတိုးဝင်ကာ ကျွမ်းကျင်စွာ ရစ်ပတ်လှုပ်ခပ်နေ၏။နှုတ်ခမ်းလွှာလေးကို တစ်လှည့်စီ စုပ်ယူရင်း လက်တစ်ဖက်ကလည်း လွန်း အင်္ကျီထဲသို့တိုးဝင်၍ လွန်း ဗိုက်သားလေးကို ပွတ်သပ်ကာ အနမ်းတို့ကို အရှိန်မြင့်တင်လိုက်သည်။

တဖြည်းဖြည်း ဖက်တွယ်လာသော လွန်း လက်လေးမှာ ပိုမိုတင်းကျပ်လာပြီး မာန့် နှုတ်ခမ်းကို စုပ်ယူကာ ပြန်လည်နမ်းရှိုက်လာ၏။မာန့် လျှာဖျား၏ လှုပ်ခတ်မှု ကျွမ်းကျင်သောကြောင့် လွန်း အနမ်းတွေကို မက်မောစွာစီးမြောနေမိသည်။လွန်း၏ တုံ့ပြန်လာသော
အနမ်းတို့ကလည်း မာန့် ရမ္မက်ကို ပိုမိုနိုးကြွလာစေ၏။

ထို့နောက် လွန်း နှုတ်ခမ်းလေးအား အသာလွှတ်ပေးကာ စိုစွတ်နေသော မာန့် နှုတ်ခမ်းလွှာက တစ်ဖြည်းဖြည်း လွန်း လည်တိုင်ဆီသို့ဆင်းသွားပြီး လျှာဖြင့်တို့ထိကာ စုပ်ယူချိန်မှာတော့ လွန်းက မသိမသာလေး လည်တိုင်ကို မော့ထားပေးလေသည်။လွန်း နှုတ်ခမ်းလေးက ထိန်းမရသော ရင်ခုန်သံကြောင့် အနည်းငယ် တုန်ယင်နေ၏။

ဖြူဥနေသော လွန်း လည်တိုင်တစ်လျှောက်
နီရဲနေသော အချစ်အမှတ်အသားတို့က ပြည့်လျှံလုနီးနေပြီဖြစ်သည်။တဖြည်းဖြည်း မာန့် လက်တို့က လွန်း အင်္ကျီကြယ်သီးကို တစ်လုံးချင်းဆီဖြုတ်ပေးရင်း လွန်း ကိုယ်ပေါ်မှ အဝတ်ကို လျောကျစေလိုက်သည်။ကုတင်အောက်သို့ လွန်း အင်္ကျီလေး ရောက်သွားချိန်မှာတော့ ရင်ဘတ်မှ ဆာကူရာ ပွင့်လေးက ထင်းခနဲပေါ်လာတော့၏။ထိုပွင့်ချက်လေးက တစ်ခုခုကို စောင့်မျှော်နေသယောင် စူထောင်နေတော့သည်။

သူဖန်ဆင်းတဲ့ လွန်းအိမ်ငယ် ( Completed )Where stories live. Discover now