Extra-6

31.4K 2.5K 166
                                    

#For Unicode

အမြန်လမ်းမကြီးဟာ ဖြောင့်ဖြူးနေသည်။
မှောင်မဲနေသည့် ပတ်ဝန်းကျင်မှာ အဖော်အဖြစ်
လမ်းပြ မီးတိုင်များသာရှိ၏။ဖုန်းထဲက ငယ့်၏
ငိုသံ‌လေးကြောင့် မာန် ငရဲကျသလို ရင်ခွင်တစ်ခုလုံး ပူ‌လောင်ကာ ကားမောင်းနေရသည်။ငယ်ပို့လိုက်တဲ့ လိပ်စာအတိုင်းဆို ငယ့်ဆီရောက်ဖို့ ကားမောင်းချိန် ကိုးနာရီလောက်ခန်းမှန်းကြာနိုင်သည်။

ငယ် ဘာ့ကြောင့်ငိုနေမှန်းမသိ။သူရှိတဲ့ လိပ်စာကို
ပို့ပြီးတာနှင့် ငယ် ဆက်သည့် ဖုန်းကဆက်သွယ်မှုဧရိယာပြင်ပသို့ ရောက်သွားသည်။မာန် ကားစီယာတိုင်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး စိတ်တွေလှုပ်ရှားနေ၏။

အမြန်နှုန်းနဲ့မမောင်းရ။
ကီလို100 အထက်မောင်းနှင်ခြင်းမပြုရ။

ထိုသတိပေးဆိုင်းဘုတ်များကိုပင် ကားအရှိန်က
ဝေါခနဲနေအောင် ဖြတ်ကျော်လာသည်။မာန်
သိသိသာသာပင် ယာဥ်စည်းကမ်း ချိုးဖောက်နေပြီဖြစ်သည်။ဒီအချိန်သာအန္တရာယ် တစ်ခုခုဖြစ်သွားခဲ့ရင် လွင့်မျောသွားမည့် ဝိဉာဥ်ဟာ ငယ့်အနားမှာဘဲ တဝဲလည်လည် ရှိနေလိမ့်မည်။

မိုင်တိုင်တွေ တဖြည်းဖြည်း ကျော်ဖြတ်လာပြီးနောက် ကောင်းကင်တစ်ခွင် နေ‌ရောင်ခြည် ထွက်ပြူ စပြုလာ၏။မှောင်မဲ မနေတော့သော်လည်း အလင်းဖျဖျသာမြင်ရသည့် အရုဏ်ဦး အချိန်သာ ရှိသေးသည်။အိမ်က ညဆယ်နာရီလောက် ထွက်လာခဲ့သည့်အတွက် မနက် လေးနာရီခွဲမှာ ဆိပ်ဖြူမြို့သိုရောက်ခဲ့လာသည်။လမ်းမှာလည်း ထမင်းစားမနားတာကြောင့် ကိုးနာရီလောက် မောင်းရမယ့် ခရီးဟာ ခုနှစ်နာရီလောက်နှင့် ခရီးတွင်သည်။

ငယ် ရှိနေသည့် နေရာက ဆိပ်ဖြူမြို့အကျော်က ရွာငယ်လေး...။

ကားအရှိန်နှုန်းထက် မာန့် စိတ်ဝိဉာဥ်က ပိုမြန်နေသည်။ဒီ့ထက်ပိုပြီးလည်း ကားကို မြန်အောင် မောင်းမရတော့။တံတားငယ်လေးကို ကျော်ဖြတ်ခဲ့ပြီးနောက် မြေနီလမ်းပေါ်သို့ ရောက်လာသည်။လမ်းတစ်လမ်းလုံး မီးမရှိတော့ဘဲ ထွက်ပြူစနေရောင်နှင့်ကားမီးကိုသာ အားကိုးနေရတာမို့ ငယ်နှင့် နီးစပ်လာပြီဆိုတာသိသည်။

သူဖန်ဆင်းတဲ့ လွန်းအိမ်ငယ် ( Completed )Where stories live. Discover now