#For Unicode
အောင်မင်္ဂလာ အဝေးပြေးကားဂိတ်ကြီးတွင်
ခရီးသွား မှန်လုံကားကြီးများ၊ခရီးသွားလာသူများနှင့် ပြည့်ကျပ်ညပ်နေသည်။ Taxi ကားများသည်လည်း ဝင်ချီ၊ ထွက်ချီနှင့် ခရီးသည်များကို လိုက်ပါ ပို့ဆောင်နေကြသည်။တချို့က ခုံတန်းလျားတွင် ထိုင်ကာ ကားစောင့်နေပြီဖြစ်၏။ဈေးသည်များကတော့ ရှူဆေးဘူး၊
ငုံးဥပြုတ် စသည်တို့ကို ခြင်းတစ်ခုထဲတွင် စုထည့်ကာ လိုက်လံ ပတ်ရောင်းနေကြသည်။"မေမေ သားသွားပြီနော်..တစ်ခုခုဆိုသားကို ဖုန်းဆက်နော်။ညဘက် စောစောအိပ်နော်"
မာန် ကားပေါ်သို့ မတက်မချင်း အမေဖြစ်သူကို
စိတ်မချနိုင် တစ်ခုပြီး၊တစ်ခုမှာနေ၏။"ကောင်းပါပြီရှင်၊ သားလည်း မေမေ့ကို လိုတာရှိရင် ဖုန်းဆက်ပြောနော် "
"ဟုတ် မေမေ "
နွေးထွေးစွာ ပြောနေသော မာန့် နှင့် မာန့်အမေ ကို ကြည့်ကာ လွန်း မျက်ရည်လေးဝဲလာသည်။လွန်းနဲ့ လွန်းအမေရဲ့ ဆက်ဆံရေးမှာ ဒီလိုမျိုး တစ်ခါမှ မရှိဘူးပါ။အခုလည်း လွန်း ခရီးသွားမယ် ဆိုတော့ အိမ်က ပိုက်ဆံအထပ်လိုက် ပေးပြီးသာ လွှတ်လိုက်တာပင်။လိုက်ပို့ရမလား မေးဖို့ မပြောနဲ့ ဂရုစိုက်ဖို့တောင် တစ်ခွန်းမှမမှာ။မာန့်တို့ သားအမိကိုကြည့်ရင်း ကြည်လည်း ကြည်နူးသလို၊ဝမ်းလည်း ဝမ်းနည်းလာမိသည်။လွန်းရဲ့ မိသားစုက ဘာတွေများ မှားယွင်းသလဲ။ဒါကို ရိပ်မိသည့် အာကာက လွန်းပခုံးကို လာပုတ်ရင်း အားပေးသလို နှစ်သိမ့်ေပးရှာ၏။အာကာ့ကို ကြည့်ပြီး လွန်း အဆင်ပြေကြောင်း ပြုံးပြလိုက်သည်။
"ကဲ...သားတို့ အားလုံးဂရုစိုက်ကြနော်...ကားပေါ်တက်ကြတော့ နောက်ကျနေမယ်"
အန်တီက ကားပေါ်မတက်ခင်အထိ ရပ်ကြည့်နေ၏။
"မေမေ သားတို့သွားပြီနော်"
မာန်က မေမေ့ပါးကို ရွှတ်ခနဲနမ်းကာ ခရီးသွားကားဆီသို့ ထွက်ခဲ့ကြတော့သည်။ကားအောက်ခန်းကို luggage အိတ်တွေတင်ပြီး အာကာနဲ့လွန်းကအရင် ကားပေါ်သို့ တက်သွားသည်။မာန်တို့ ခုံနံပါတ်က နှစ်ဆယ် ကျော်ဖြစ်၍ ကား၏အလယ်လောက်တွင် ဘယ်၊ညာ လေးခုံတန်းနေရာရသည်။မာန် ကားပေါ်တက်လိုက်တာနဲ့ ဖွင့်ထားသည့် အဲကွန်းက အေးစိမ့်လို့နေ၏။ကျေးဇူးရှင်လေးကို hoddie ဝတ်ထားပေးလို့ တော်ပါသေးသည်။