#For Unicode
တချို့ အမှတ်တမဲ့တွေက၊ အမှတ်တရတွေ ဖြစ်စေတာလား????
ကျွန်တော် (၉)တန်း စတက်သည့်နေ့....။
"ဟာ!!!.... ငါခုမှ သတိရတယ်...အခန်းလဲ
ကြိုမကြည့်ဖြစ်ပါလား..."ကျွန်တော်ဆိုသည်မှာ ကျောင်းစတက်တဲ့နေမှာတင် ပြဿနာတက်တော့တာပဲ။
"ငါ ဘယ်သူ့ကိုမေးရမလဲ"
ကျွန်တော် ဘေးကိုဝေ့ကြည့်လိုက်တော့ ခပ်လှမ်းလှမ်းမှာ စကားပြောနေတဲ့ အုပ်စုကိုတွေ့လို့ ခပ်တည်တည်ပဲ သွားမေးလိုက်တယ်။
"နဝမတန်း (A) ခန်းက ဘယ်နားမှာလဲ မသိဘူး..အခန်းရှာမတွေ့လို့"
အဲတုန်းက ကျွန်တော် သူ့(မာန်) အရပ်ကို မော့ကြည့်ရလို့ အရပ်ကလည်း ကလန့်ကလားနဲ့လို့ တွေးလိုက်မိသေးတယ်....။
ဒါ ကျွန်တော်နဲ့သူ အမှတ်တမဲ့ တွေ့ဆုံခြင်း........။
အမှတ်တမဲ့ပါပဲ ၊ အဲဒီထက်မပိုခဲ့ဘူး....။
.................................
ကျွန်တော် အဲဒီနေ့မှာပဲ နေ့လယ်မုန့်စားဆင်းတော့ lollipop ဝယ်ဖို့ မုန့်ဈေးတန်းကို ဆင်းခဲ့တယ်။
"ငါတော့ ဂွမ်းပီထင်တယ်....ငါ ဘယ်လိုဆက်လုပ်ရပါ့မလဲ...."
ပိုက်ဆံရှင်းမယ်လုပ်မှ ကျွန်တော် ပိုက်ဆံပါ
မလာဘူး။ တကယ် ရှက်ဖို့ကောင်းတယ်။
လူ တစ်ကိုယ်လုံးလည်း ပူထူနေတာပဲ။"ညီလေး ပိုက်ဆံအိတ်ကျန်ခဲ့လို့မလား...ကိုယ်ရှင်းပေးမယ်"
လှည့်ကြည့်လိုက်တော့ မနက်ကအခန်းပြောပြတဲ့ အစ်ကို။
"မလိုဘူး"
ထိုတစ်ခွန်းသာပြောပြီး ကျွန်တော် သူ့ ရှေ့ကနေ ရှက်ရှက်နဲ့ ပြေးထွက်ခဲ့တာ။
အတန်းထဲရောက်မှ သူ့ကို ကျေးဇူးတင်တယ် မပြောခဲ့ရလို့ နည်းနည်းတော့ အားနာမိသား။ ဒါပေမဲ့ ကိစ္စမရှိပါဘူး ထပ်တွေ့ရမယ့်လူမှ မဟုတ်တာလေ။
................................
ညနေ ကျွန်တော် ကိုယ့်အာရုံနဲ့ကိုယ် lollipop တစ်လုံးစုပ်ပြီး ကျူရှင်ပထမဆုံးနေ့မို့ တက်တက်ကြွကြွဖြစ်နေတယ်။