Extra-3

26.9K 2.4K 179
                                    

#For Unicode

တောက်ပနေသော နေရောင်စူးစူးသည်
လောကတခွင် အလင်းပေးလျက်ရှိသည်။
နေမွန်းတည့် ချိန်ရောက်ပြီဖြစ်၍ နေမင်းကြီးက
မြေပြင်တွင် တရွေ့ရွေ့သွားနေသော ကားလေး
တစ်စီးနှင့် အတူ လိုက်ပါလာခဲ့၏။လမ်းဘေးတစ်လျှောက် ပေါက်ရောက်နေသော မြက်ပင်၊ခြုံပင်များက နေရောင်ခြည်ကို မခုခံနိုင်စွာ ညှိုးငယ်ခြောက်သွေ့နေပြီဖြစ်သည်။

လွန်းတို့ ၁၁၅ မိုင်က မနက်ခုနှစ်နာရီလောက် ပြန်ထွက်လာပြီး၊ အာကာ့ကို အိပ်ခိုင်းကာ တစ်လမ်းလုံး လွန်းပဲ ကားမောင်းလာခဲ့သည်။အချိန်ငါးနာရီကြာ မောင်းနှင်ခဲ့ပြီးမှ ဆိပ်ဖြူမြို့ကို ကျော်လာပြီဖြစ်၏။

"ဟေ့ကောင် အာကာ ထ...ငါတို့ ရောက်တော့မယ်"

လွန်း အသံစူးစူးကြောင့် အာကာ ကမူးရှူးထိုး ထလာသည်။ဆံပင်ကလည်း ထိုးထိုးထောင်ထောင်နှင့် ‌တော်တော်ကို အိပ်ရေး ပျက်ရှာနေသည့်ပုံ။မအိပ်ခင်ပြောသည့်စကားက "သူတစ်လမ်းလုံးမအိပ်ဘူး၊မင်း ကားမောင်းရင်း အိပ်ငိုက်မှာဆိုးလို့ စကားပြော‌ပေးမည်တဲ့...။"

အခုတော့ မအိပ်တာများ ပါး‌‌စောင်မှာ ကျနေတဲ့
သွားရည် စီးကျောင်းက သက်သေ။

"အဟဲ.....သူငယ်ချင်း ငါ အိပ်ပျော်သွားတာလား"

လွန်း မျက်စောင်းခဲကာ ကြည့်ပေးလိုက်သည်။အာကာကတော့ စပ်ဖြီးဖြီးနှင့် မျက်မှန်အဝိုင်း‌လေးကို အင်္ကျီနှင့်သုတ်ကာ ပြန်တက်လိုက်၏။

"ဪ ရောက်တောင် ရောက်တော့မှာဘဲ...ပိုးလုံး
ဘာစားစရာလေးများပါလဲ ...ငါ ခံတွင်းနဲနဲ ချဥ်လို့"

"ခံတွင်းချဥ်ရင် ကားပေါ်က ဆင်းနေခဲ့
ငါ ကန်ချပေးမယ်..."

အာကာ နှာခေါင်းရှုံ့ကာ ပါးစပ်ပိတ်လိုက်ရတော့သည်။ကိုယ့် ကားပေါ်က ကိုယ်မောင်းချခံရ
တဲ့ အဖြစ်ရယ်ပါ။သည်လိုကောင်မျိုးနဲ့ ခရီးထွက်ရတာ တကယ်ကို ပျော်စရာမကောင်း။

ခန့်ဆို စားချင်တာ ဝယ်ကျွေးမည် မဟုတ်လား။

..............................

အချိန်တွေ ကုန်လွန်ခဲ့ပြီးနောက် လွန်းတို့ သွား
မည့် ရွာငယ်လေးဆီသို့ ရောက်လာခဲ့သည်။ရွာထဲကို မဝင်ခင် ချောင်းငယ် တံတားလေးကို ဖြတ်ရ၏။ကတ္တရာလမ်းမဟုတ်‌တော့ဘဲ မြေနီလမ်းကလေး အဖြစ်ပြောင်းလဲသွားတာမို့ ကျေးလက်အညာ ဒေသကို ခံစားရစေသည်။

သူဖန်ဆင်းတဲ့ လွန်းအိမ်ငယ် ( Completed )Nơi câu chuyện tồn tại. Hãy khám phá bây giờ